
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ရုတ်သိမ်းဖို့ အဖွဲ့အစည်း ၈၆၀ ကျော် တောင်းဆို
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၃ ရက်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပြန်ရုတ် သိမ်းဖို့ Burma Campaign UK အပါအဝင် အဖွဲ့အစည်း ၈၆၄ ခုက ကုလသမဂ္ဂ အထွေထွေညီလာခံထံ တောင်းဆို လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ယိုယွင်းနေတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ဖြေရှင်းလိုတဲ့ ပြင်း ပြတဲ့ကတိကဝတ်ကိုပြသပြီး တိကျပြတ်သားတဲ့ အရေးယူမှုတွေလုပ်ဆောင်ဖို့လည်း အဖွဲ့အစည်း ၈၆၄ ခုက ကု လသမဂ္ဂ အတွင်းရေးမှူးချုပ်ကို တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာရဲ့ သြဂုတ်လ ၁၆ ရက်မှ ၁၇ ရက်အထိ သွားရောက်ခဲ့တဲ့ ခရီးစဉ်က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မထိရောက်တဲ့ချည်းကပ်နည်းဆိုတာ သက်သေပဲလို့ အဲဒီအဖွဲ့အစည်းတွေက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တွေမှတစ်ဆင့် ကြိုးပမ်းမှု တွေက အဓိပ္ပာယ်ရှိတဲ့ရလဒ်တွေ မရရှိခဲ့ဘဲ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကျူးလွန်သူကိုသာ တရားဝင် မှုရရှိစေခဲ့ပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေကို ဖြစ်စေခဲ့တယ်လို့ အဖွဲ့အ စည်းတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ စောင့်ကြည့်တဲ့ချည်းကပ် နည်းက အလုပ်မဖြစ်ဖူးဆိုတာကို ဆယ်စုနှစ်ချီ သက်သေပြခဲ့ပါတယ်။
ဒါ့ကြောင့် ဒီနှစ် စက်တင်ဘာလအတွင်းပြုလုပ်မယ့် အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံတွေကို တောင်းဆိုတယ်လို့ အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။
ကိုးကား – Burma Campaign UK
Ref; UN General Assembly: Withdraw the mandate of the UN Special Envoy