သန်လျင်မြို့မှာ စိတ်မနှံ့တဲ့သူကိုသွားဖမ်းတဲ့ရဲကင်းမှူး ဓားထိုးခံရပြီး ပွဲချင်းပြီးသေဆုံး (၁ မိနစ် ရုပ်/သံ)

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၃ ရက်

သန်လျင်မြို့မှာ ဩဂုတ်လ ၂၂ ရက်နေ့က စိတ်ကျန်းမာရေးမကောင်းသူတဦးကို သွားရောက်ဖမ်းဆီးတဲ့ ရဲကင်းမှူး တဦး ဓါးထိုးခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားတဲ့ ရဲကင်းမှူး ရဲတပ်ကြပ်ကြီး သန့်ဇင်ဟာ သူနဲ့အတူ တခြားရဲဘော်တဦးကို ခေါ်ဆောင်ပြီး ဘုရားကုန်းဈေးအနောက်ဘက်က စိတ်ကျန်းမာရေးမကောင်းတဲ့သူကို သွားရောက်ဖမ်းဆီးချိန်မှာ ဓါးနဲ့ပြန် ထိုးတာခံရပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ရုပ်သံ – ဧရာဝတီတိုင်းမ်