
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်
ဧပြီလဝန်းကျင်မှစပြီး မော်တော်ကား တင်သွင်းမှုတွေအပေါ် စည်းကြပ်ခွန်တွေ သတ်မှတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စဉ်းစားနေပါတယ်။
မည်သည့်တိုင်းပြည်ကို ပစ်မှတ်ထားပြီး စည်းကြပ်ခွန် မည်သည့်နှုန်း ကောက်ခံမယ်ဆိုတာကို အ သေးစိတ်မဖော်ပြပဲ ဒေါ်နယ်ထရမ့်က အဆိုပါအစီအစဉ်ကို သောကြာနေ့က အိမ်ဖြူတော်မှာ သတင်း ထောက်တွေကို ပြောကြားခဲ့တာပါ။
မော်တော်ယာဉ်တင်သွင်းမှုအပေါ် စည်းကြပ်ခွန် ကောက်ခံမှုကို ဧပြီလ ၂ ရက်ဝန်းကျင်မှာ စတင် မယ်လို့ သူက ဆိုပါတယ်။
ဒေါ်နယ်ထရမ့်က မော်တော်ကား စည်းကြပ်ခွန်ကို တိုင်းပြည်အားလုံးအပေါ် သတ်မှတ်မည်ဆို ပါက အမေရိကန်နိုင်ငံသို့ အဓိက မော်တော်ကား တင်ပို့တဲ့ ဂျပန်နိုင်ငံအတွက် ထိုးနှက်ချက်တစ်ခု ဖြစ် လာမှာပါ။
ဂျပန်နိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ အမေရိကန်နိုင်ငံသို့ မော်တော်ကားစီးရေ ၁ ဒသမ ၄၈ သန်း တင် ပို့ခဲ့တယ်လို့ ဂျပန် မော်တော်ကားထုတ်လုပ်သူများအသင်းက ပြောပါတယ်။
တင်သွင်းလာတဲ့ မော်တော်ကားတွေအပေါ် စည်းကြပ်ခွန်ကောက်ဖို့ ဒေါ်နယ်ထရမ့်က ကြိမ်ဖန် များစွာ အရိပ်အမြွက်ပြောကြားခဲ့ပြီး မမျှတသော တန်ဖိုးနည်း မော်တော်ကားတင်သွင်းမှုက အမေရိကန် မော်တော်ကားလုပ်ငန်းကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
အမေရိကန်ကုန်စည်တွေအပေါ် အခွန်ကောက်ခံတဲ့ အခြားတိုင်းပြည်တွေအပေါ် အပြန်အလှန် စည်းကြပ်ခွန်သတ်မှတ်တဲ့ အစီအစဉ်တစ်ရပ်ကိုလည်း ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ကိုးကား – NHK
Ref; Trump considers imposing tariffs on automobiles starting in April
#Ayeyarwaddy_Times