
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်
ဧရာဝတီတိုင်း၊ င်္ဟသာတမြို့နယ်၊ သစ်ဖြူကျွန်းအုပ်စုရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေတောင်းနေကြောင်း ဒေသခံများထံကသိရသည်။
သစ်ဖြူကျွန်းအုပ်စုရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းသည် ညိမ်းချမ်းဦးကျေးရွာရှိ အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိသည့် လူငယ်များအားလုံးကို ငွေတောင်းယူခြင်းဖြစ်ဟု ဒေသခံများကပြောသည်။
“ငွေမပေးနိုင်တဲ့သူဆိုရင် စစ်မူထမ်းဖို့တစ်ခါထဲခေါ်ဆောင်သွားတယ်။ အလုပ်တွေကအဆင်မပြေရဲ့ကြားထဲ ခုက အတင်းအကျပ်လုပ်နေတာ။ အရင် ပါသွားတဲ့လူငယ်အချို့ဆိုရင် အိမ်နဲ့ အဆက်မရကြတော့ဘူး”ဟု သစ်ဖြူကျွန်းအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြည်သူ့စစ်မှုထမ်း မဲပေါက်သည့် နေအ်ိမ်ကို ကျပ်ငွေ နှစ်သိန်းခွဲ တောင်းယူပြီး မဲမပေါက်သည့် နေအ်ိမ်းများကို ကျပ်ငွေ တစ်သိန်းခွဲ တောင်းယူကြောင်း ဒေသခံများကပြောသည်။
လယ်ယာမရှိသည့် နေအိမ်များကို ပြည်သူ့စစ်မှုထမ်းများအားထောက်ပံ့ရမည်ဟု ပြောဆိုပြီး ကျပ်ငွေငါးသောင်း တောင်းယူကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် ညိမ်းချမ်းဦးကျေးရွာမှ လူငယ်တစ်ဦး၊ ကျောင်းစုကျေးရွာမှ လူငယ်တစ်ဦး၊ သစ်ဖြူကျွန်းကျေးရွာမှ လူငယ်တစ်ဦးတို့ကို ပြည်သူ့စစ်မှုထမ်းရမည်ဟုပြောဆိုကာ ခေါ်ယူသွားပြီးနောက် ယနေ့အချိန်ထိ မိသားစုနှင့် အဆက်သွယ်မရတော့ကြောင်း ဒေသခံများကပြောသည်။
လက်ရှိအချိန်ထိ ဧရာဝတီတိုင်းအပါအဝင် အခြားသောတိုင်းနှင့်ပြည်နယ်များတွင် ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအများစုမှာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြု၍ ငွေတောင်းယူများကို ပိုမိုလုပ်ဆောင်ကြကြောင်း စုံစမ်းသိရှိရသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-သစ်ဖြူကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး
#ဟင်္သာတ #ပြည်သူ့စစ်မှုထမ်းမဲပေါက်သူများ #မဲမပေါက်သူများ #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #ငွေတောင်း #Ayeyarwaddy_Times