
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ် သာလမ်းသွယ်တွင် စစ်ကောင်စီခန့် အုပ် ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူးနှင့်အဖွဲ့ လူဦးရေမဲစာရင်းလိုက်လံကောက်ယူနေစဉ် ဓာတ်ဆီနှင့်ပက်ပြီး မီးရှို့ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀မိနစ်ခန့်က ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်ထဲတွင် လူဦးရေမဲစာရင်းလိုက်ကောက်ယူနေသည့် ရာအိမ်မှူးအပါအဝင် ဆယ်အိမ်မှူး အမျိုးသမီးနှင့် အဖွဲ့ဝင်အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦး ဓာတ်ဆီလောင်း မီးရှို့ခံရခြင်းဖြစ်ကြောင်း သိရသည်။
“ပြဿနာက ဘယ်လိုစဖြစ်တယ်တော့မသိဘူး။ သုံး ယောက်လုံး မီးလောင်နေတာ မြင်မှသိကြတာ။ အော်နေကြတော့ ဘေးလူတွေက မီးဝိုင်းငြှိမ်းပေးလို့ မသေတာ။ သူတို့က ပြောတာကတော့ လူဦးရေမဲစာရင်းလို့ပြောပြီး စစ်မှုထမ်းစာရင်းလိုက်ကောက်နေကြတာ။ ရာအိမ်မှူးက ခေါင်းကနေကို လောင်တာ။ အမျိုးသမီး တစ်ယောက်က တခြမ်းလောင်တယ်။ နောက်တစ် ယောက်က ခြေထောက်လောင်တယ်”ဟု ဒေါပုံမြို့နေ အမျိူသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရပ်ကွက်အတွင်း မဲစာရင်းအကြောင်းပြကာ စစ်မှု ထမ်းရန် လူဦးရေလိုက်လံကောက်ယူနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ ရာအိမ်မှူး အပါအဝင် ဆယ်အိမ်မှူး အမျိုးသမီးတစ်ဦးနှင့် အဖွဲ့ဝင်အမျိုး သမီးတစ်ဦးတို့ကို ဓာတ်ဆီနှင့်ပက်ပြီး မီးရှို့ခဲ့သည့် အမျိုးသားမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။
ပုံစာ-ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ် သာလမ်းသွယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ ဓာတ်ဆီနှင့်ပက်၍ မီးရှို့ခံရပြီးနောက်တွေ့ရစဥ်
#ရန်ကုန် #ဒေါပုံ #ကြည်စုရပ်ကွက် #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးအဖွဲ့ #ရာအိမ်မှူး #ဆယ်အိမ်မှူး #ဓာတ်ဆီလောင်း #မီးရှို့ခံရ #Ayeyarwaddy_Times