ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်

ကျားဖြန့်ဂိုဏ်းတွေ အခြေစိုက်ရာနေရာတွေကို ဓာတ်အား၊ လောင်စာဆီနဲ့ အင်တာနက် ဖြတ် တောက်ပြီးနောက် ထိုင်းကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ မြန်မာနိုင်ငံသားအချို့ ဆန္ဒပြတာကို ထိုင်း အစိုးရက စိုးရိမ်စရာမလိုပဲ တရုတ်ကျားဖြန့်တွေရဲ့ရန်ကနေ ထိုင်းပြည်သူတွေကို ကာကွယ်ပေးမယ်လို့ ဒု တိယဝန်ကြီးချုပ် ဝီချာရာချိုင်းက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ၎င်းတို့ရဲ့ခံပြင်းမှုကို ထုတ်ဖော်ပြောနိုင်ပေမယ့် မြန်မာနယ်စပ်တွေသို့ ဓာတ်အား၊ လောင်စာဆီနဲ့ အင်တာနက်ဖြတ်တောက်တဲ့ ထိုင်းအစိုးရရဲ့ဆုံးဖြတ်ချက်ကို မသက်ရောက် စေဖူးလို့ ကာကွယ်ရေးဝန်ကြီးလဲဖြစ်သူ ဝီချာရာချိုင်းက ဆိုပါတယ်။

“ထိုင်းကုန်စည်တွေကို သပိတ်မှောက်ဖို့ ဆန္ဒပြသူတွေဟာ သေချာကို စဉ်းစားသင့်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူတို့က ထိုင်းနိုင်ငံမှ စားသုံးကုန်တွေကို မှီခိုနေရတာပါ” လို့ ၎င်းက ဆက်ပြောပါ တယ်။

“ကျွန်တော်တို့ အလေးထားတာက ထိုင်းနိုင်ငံ ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်ပါတယ်။ ဒီကိစ္စကို ပြတ်ပြတ်သားသား ဖြေရှင်းရမှာပါ” လို့ သူက ပြောပါတယ်။

နယ်စပ်နေ မြန်မာပြည်သူတွေဟာ ထိုင်းနိုင်ငံမှ စားသုံးကုန်နဲ့ စားသောက်ကုန်တွေကို အား ထားခဲ့ရကြောင်း၊ ထိုင်းအစိုးရဟာ ထိုင်းပြည်သူတွေကို ကာကွယ်ပေးနိုင်ရေး မြန်မာနိုင်ငံရှိ ကျားဖြန့် လုပ်ငန်းတွေကို အရေးယူခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

ထိုင်းအစိုးရက မြန်မာနယ်စပ် (၅) နေရာကို အင်တာနက်၊ လောင်စာဆီနဲ့ ဓာတ်အား ဖြတ် တောက်ခဲ့ရာ ဒေသခံပြည်သူတွေ အမှောင်ထဲနေရပေမယ့် ဖျော်ဖြေရေးနေရာတွေနဲ့ ကျားဖြန့်လုပ်ငန်း တွေက မီးစက်တွေနှိုးပြီး ဆက်လက်လည်ပတ်နေကြတယ်လို့ သိရပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ မြန်မာနယ်စပ်သို့ လောင်စာဆီနဲ့ ဆိုလာပြားတွေ မှောင်ခိုကူးမှုကို နှိမ် နင်းလျက်ရှိပါတယ်။

ဝီချာရာချိုင်းဟာ မည်သည့်ဆုံးဖြတ်ချက်မှ မချမှတ်မီ အခြေအနေကိုလေ့လာဖို့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ဘုရားသုံးဆူနဲ့ ဖေဖော်ဝါရီလ ၁၆ ရက်မှာ ကမ္ဘောဒီယားနိုင်ငံ၊ ပွိုင်ပက်သို့ သွားရောက်မှာပါ။

ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ကြောင်း အထောက်အထားရှိနဲ့ အခြားနယ်စပ်ဒေသတွေကို ဓာတ်အား၊ လောင်စာဆီနဲ့ အင်တာနက် ဖြတ်တောက်မယ်လို့ သူက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Govt shrugs off Myanmar rallies against Thai sanctions

#Ayeyarwaddy_Times