ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်

ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ယနေ့မနက်ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အရှင်ဖမ်းဆီးရမိသူများလည်းရှိကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၈ ဦးသေဆုံးကာ ၄၇ ဦးအရှင် ဖမ်းဆီးရမိပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိ ကြောင်း သိရသည်။

“တင့်ကားတပ်ရင်းက ၈ ရက်နေ့လောက် ကတည်းက ပါသွားတာ။ သေတဲ့သူတွေက အဲဒီနေ့က တိုက်ပွဲမှာရော ထွက်ပြေးလို့ လိုက်တိုက်ခံရတာရောအပြင် တော်တော်များများ အဖမ်းခံလိုက် ရတာလည်း ရှိတယ်။ KPDF တွေလည်း ထိခိုက်မှုရှိတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းကို KIA က ထိုးစစ် ဆင်ဝင်ရောက်သိမ်းပိုက်ပြီးနောက် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများပြားပြီး KIA ဘက်မှလည်း ထိခိုက် သေဆုံးမှုတချို့ရှိကြောင်း သိရသည်။

တင့်ကားတပ်ရင်း သိမ်းခံရသည့် တိုက်ပွဲတွင် KIA ထိုးစစ်ကို မခုခံနိုင်ဘဲ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂၁) သို့ သွားရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ကြားဖြတ်တိုက် ခိုက်ခံရပြီး သေဆုံးမှုများပြားကြောင်း သိရသည်။

KIA သည် ဗန်းမော်မြို့ရှိ အမြောက်တပ်ရင်း၊ သံချပ်ကာ တပ်ရင်းများအပြင် တင့်ကားတပ်ရင်းများကိုပါ သိမ်း ပိုက်ထားပြီး စကခ ၂၁ ကိုပါ ပိတ်ဆို့ထားကြောင်း သိရသည်။

စစ်ကောင်စီဘက်က အစုလိုက်အပြုံလိုက် သေဆုံးရ ခြင်းမှာ စကခ ၂၁ အတွင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များပါ KIA ၏တိုက်ခိုက်ခြင်းခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း ကချင် သတင်းရင်းမြစ်ထံက သိရသည်။

ဓာတ်ပုံ- ကချင်တောင်တန်း
ပုံစာ- ဗန်းမော်တိုက်ပွဲအတွင်းမှ ရရှိသည့် လက်နက်ခဲယမ်းများ
#ကချင် #ဗန်းမော် #မြို့သိမ်းတိုက်ပွဲ #ပြင်းထန် #စစ်ကောင်စီ #၇၀ခန့်သေဆုံး #၅၀နီးပါး #အရှင်ဖမ်းမိ #Ayeyarwaddy_Times