ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်လိုက် ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့က ၅၀၁၄ တင့်ကား တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စကခ ၂၁ ကို လည်း KIA က ဝိုင်းရံပိတ်ဆို့ထားကြောင်း သိရသည်။

“သိမ်းထားတာ နှစ်ရက်ရှိပြီ။ နယ်မြေရှင်းလင်းရေးနဲ့ လေကြောင်းအန္တရာယ်တွေကြောင့် သတင်းက ခုမှ တက်လာတာပါ။ စကခ ၂၁ ကိုလည်း ဝင်လုံးထားပါ တယ်”ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တင့်ကားတပ်ရင်းအတွင်း တင့်ကားများကို စစ်ကောင် စီက စကခ ၂၁ နှင့် ခလရ ၄၇ တို့အပြင် ဗန်းမော်မြို့ ၅ မိုင်နီင့် ၆ မိုင်ကြား တိုက်ပွဲများအတွင်းသို့ စေလွှတ် ထားသည့်အတွက် တပ်ရင်းအတွင်း တင့်ကားအများ အပြားမရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် အတွင်း၌လည်း ကွပ်ကဲရေးမှူးနှင့် အရာရှိအချို့မှာ ဒဏ်ရာရရှိပြီး ရှောင်တိမ်းသွားသည့်အတွက် ကျန် ရှိသည့် တပ်သားများနှင့် တပ်မိသားစုဝင်များက ခုခံ နေခြင်းဖြစ်ကြောင်း သိရသည်။

KIA က ဗန်းမော်မြို့ရှိ အမှတ် ၇၀၀၆ သံချပ်ကာ တပ် ရင်း၊ အမှတ် ၃၆၆ အမြောက်တပ်ရင်းနှင့် ဗန်းမော်မြို့ လေယာဉ်ကွင်း၊ စရဖရုံးစသည်တို့ကို သိမ်းပိုက်ထား သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့က စတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း KIA က ဗန်းမော်မြို့ရှိ တပ်ရင်းအချို့နှင့် အဓိကနေရာများကို သိမ်းပိုက်ထား နိုင်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တစ်နေ့လျှင် ဆယ်ကြိမ်ကျော် တိုက်ခိုက်ခဲ့သည့် အတွက် မြို့တစ်ခုလုံးနီးပါး ပျက်စီးနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ- Myu Tsaw Kasa
ပုံစာ- ၅၀၁၄တင့်ကားတပ်ရင်း​ရှေ့မှ KIAတပ်ဖွဲ့ဝင်များ
#ကချင် #ဗန်းမော် #တင့်ကားတပ်ရင်း #၅၀၁၄ #KIA #သိမ်းပိုက် #Ayeyarwaddy_Times