
ကားဗုံးပေါက်ကွဲမှုမှာ ရုရှားသမ္မတ ပူတင်ရဲ့ဦးနှောက်လို့ တင်စားခံရသူရဲ့သမီး သေဆုံး
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၂ ရက်
မော်စကိုမြို့တော်အပြင်ဘက် ကားဗုံးပေါက်ကွဲမှုမှာ သမ္မတ ဗလာဒီမာပူတင်ရဲ့ဦးနှောက်လို့ တင်စားခံရ တဲ့ ရုရှား နိုင်ငံရေး သဘောတရားပညာရှင်တစ်ဦးရဲ့ သမီးဖြစ်သူ
သေဆုံးခဲ့တယ်လို့ သိရပါတယ်။စနေနေ့ညပိုင်းက မော်စကိုမြို့တော်အပြင်ဘက်မှာ ခရီးသွားနေတဲ့ ကားတစ်စင်း ပေါက်ကွဲမှုဖြစ်ခဲ့တယ် လို့ ရုရှား စစ်ဆေးရေးမှူးတွေက ပြောပါတယ်။
ရုရှား စုံစမ်းစစ်ဆေးရေးမှူးတွေက သံသယဖြစ်ဖွယ်ရာ လူသတ်မှု အတွက် စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ခဲ့ပြီး ဗုံးတစ်လုံးကို ယာဉ်မောင်းထိုင်ခုံအောက်မှာ ထောင်ထားခဲ့တယ်လို့
ဆိုပါတယ်။သေဆုံးသူရဲ့ဖခင်ဖြစ်သူ အလက်ဇန္ဒားဒူဂင်က ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ နိုင်ငံခြားမူဝါဒအပေါ် သြဇာရှိသူလို့ ဆိုပါတယ်။
အနောက်တိုင်းဆန့်ကျင်ရေး သဘောတရားပညာရှင်ဖြစ်တာကြောင့် အနောက်နိုင်ငံ မီဒီယာတွေက ၄င်းကို ပူတင်ရဲ့ဦးနှောက်လို့ ခေါ်ဆိုကြပါတယ်။
အလက်ဇန္ဒားက ယူရေးရှားဒေသကို ရုရှားထိန်းချုပ်ဖို့ အကြံပြုသလို ယူကရိန်းက ရုရှားစစ်တပ်ရဲ့ စစ် ဆင်ရေးကို အပြင်းအထန် ထောက်ခံသူတစ်ဦး ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲတဲ့ကားကို အလက်ဇန္ဒားကို ပိုင်ဆိုင်သော်လည်း ခရီးသွားချိန်မှာ အခြားကားတစ်စင်းနဲ့သွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။
တိုက်ခိုက်မှုက အလက်ဇန္ဒားကို ပစ်မှတ်ထားတာလို့ ရုရှားပြည်သူအချို့က သံသယရှိနေပါတယ်။ “ဒီ တိုက်ခိုက်မှုကို ယူကရိန်းက လုပ်ဆောင်တာဆိုရင် ယူကရိန်းရဲ့
အကြမ်းဖက်ဝါဒနဲ့ပတ်သက်တယ်လို့ ပြောရပါ မယ်” လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ပါဝင်ခြင်းမရှိဘူးလို့ ယူကရိန်းသမ္မတရဲ့ အကြံပေး မိုင်ခေးလိုပိုဒိုယက်ခ်က ငြင်းဆန်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Car blast kills daughter of ‘Putin’s brain’