
(ပလက်ဝ)၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ရက်
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်ခရိုင်၊ ကာကီကျေးရွာရှိ ပလက်ဝ စစ်ဘေးရှောင်စခန်းတွင် ရှစ်လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၄၂ ဦးသည် ကာလဝမ်းရောဂါ ကူးစက်ခံထားရကြောင့် စစ်ဘေးရှောင်များထံက သိရှိရသည်။
စစ်ဘေးရှောင်စခန်းတွင် ကာလဝမ်းရောဂါကို ဖေဖော်ဝါရီ ၄ ရက်နေ့မှစ၍ကူးစက်ခံရခြင်းဖြစ်ပြီး ရှစ်လသားအရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသား ၁၉ဦး နှင့် ဆယ်လသားအရွယ် ကလေးတစ်ဦးအပါအဝင် ၂၃ ဦးတို့ဖြစ်သည်။
“ရောဂါကူးစက်ခံရတာက တဖြည်းဖြည်းနဲ့ မြင့်တက်သွားတယ်။ အခုဆို စစ်ဘေးရှောင်တစ်ခုလုံး နီးပါးကိုဖြစ်နေတယ်။ လူနာတွေကို ဆေးကုသမယ့် ဆေးဝါးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့ လူနာတွေကပိုများလာတယ်။” ဟု ကာကီကျေးရွာရှိ ပလက်ဝစစ်ဘေးရှောင်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရောဂါကူးစက်ခံရသည့်လူနာများသည် အသက် ၁၀ နှစ်အောက် ကလေးများနှင့် အသက် ၅၀နှင့်အထက် လူကြီးပိုင်းတွင်ဖြစ်ပွားမူပိုများလာကြောင့် ၎င်းက ဆိုသည်။
ထိုအပြင် ကူးစက်ခံရသည့် လူနာများကို အချိန်မီ ဆေးကုသမူများ မပေးပါက အသက်သေဆုံးသည့်အထိဖြစ်စေ နိုင်သည့်အတွက် အချိန်မီ ဆေးကုသရန် ဆေးဝါးနှင့် ကျန်းမာရေးဝန်ထမ်းများ အရေးပေါ် အကူအညီများ လိုအပ်နေသည်။
“ရိုးရိုးရာသီဥတုကြောင်းဖြစ်တာမဟုတ်ဘဲ ကူးစက်ရောဂါဖြစ်တဲ့အတွက် လုံလောက်တဲ့ ဆေးကုသမှုပေးနိုင်မှဖြစ်မယ်။ အခုဖြစ်တဲ့လူတွေကလည်း ခုခံအားနည်းတဲ့သူတွေမှာဖြစ်တာများတဲ့အတွက်ကြောင့် အသက်အန္တရယ် စိုးရိမ်ရပါတယ်။ ဒါကြောင့် အချိန်မီ ဆေးကုသမူပေးရမယ်ဖြစ်တယ်။”ဟု ပလက်ဝမြို့နယ် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁ရက် နှင့် ၃ရက်နေ့ကလည်း ကာလဝမ်းရောဂါကြောင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုးချောင်းဝကျေးရွာတွင် တစ်နှစ်အောက်ကလေးငယ်နှစ်ဦး သေဆုံးခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝ၊ မတူပီ၊ ကန်ပက်လက် နှင့် မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလလယ်မှစ၍ ယနေ့အချိန်ထိ ကာလဝမ်းရောဂါ ကူးစက်ခံထားရသူ ၄၈၁ ဦးရှိပြီး တစ်နှစ်အောက် ကလေးငယ် သုံးဦးနှင့် လူကြီးတစ်ဦး သေဆုံးခဲ့ရကြောင့် Chin Telehealth က ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
#အိန္ဒိယနိုင်ငံ #ပလက်ဝ #စစ်ဘေးရှောင်တစ်ခု #လသား
#အရွယ်ကလေး #အပါအဝင် #၄၀ကျော် #ကာလဝမ်းရောဂါ ကူးစက်ခံရ #Ayeyarwaddy_Times