ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ယနေ့ ပေကျင်းမြို့တော်မှာ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင် နာဝပ်ထရာနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ပေထောင်တန်ဟာ ဖေဖော်ဝါရီလ ၅ ရက်မှ ၈ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွား ရောက်နေပြီး ပြီးခဲ့တဲ့နှစ်လယ်မှာ ဝန်ကြီးချုပ်ရာထူးယူပြီးနောက်ပိုင်း ပထမဆုံး တရုတ်ခရီးစဉ် ဖြစ်ပါ တယ်။

သူ့ရဲ့ (၄) ရက်ကြာ ခရီးစဉ်ဟာ ကျားဖြန့်နဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကိစ္စရပ်တွေ လွှမ်းမိုးနေတဲ့ တရုတ်-ထိုင်း နှစ် (၅၀) ပြည့် သံတမန်ဆက်ဆံရေးနဲ့ တိုက်ဆိုင်နေပါတယ်။

အလုပ်ကိစ္စအတွက် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတစ်ခုထံ လူကုန်ကူးခံခဲ့ရတဲ့ တရုတ်သရုပ်ဆောင် ဝန်ကျင်းရဲ့ ဖြစ်စဉ်လိုမျိုး ကိစ္စရပ်တွေကြေင့် နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုနဲ့ပတ်သက်လို့ တရုတ်နိုင်ငံမှာ ဆွေးနွေးမှုတွေ ဖြစ်စေခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းကို ထိခိုက်မှာစိုးရိမ်နေတဲ့ ထိုင်းနိုင်ငံဟာ အများဆုံးလာရောက်လည်ပတ်တဲ့ တရုတ်ခရီးသွားတွေကြား ဘေးကင်းလုံခြုံမှုရှိကြောင်း အာမခံနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

တရားမဝင် ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ကြိုးပမ်းမှုတစ်ခုအဖြစ် မြန်မာနယ်စပ်ရှိ နေရာအချို့သို့ လျှပ်စစ်ဓာတ်အားပေးပို့တာကို ဖြတ်တောက်လိုက်ပြီလို့ ထိုင်းအစိုးရက ပြောကြားခဲ့ပါ တယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်သွင်းကုန်အားလုံးအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင် နှုန်း တိုးမြှင့်မှုကြောင့် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်တော့မယ့်အချိန်မှာ ရှီ ကျင့်ဖျင်နဲ့ ပေထောင်တန်တို့ ဆွေးနွေးကြတာပါ။

ထိုင်းနိုင်ငံဟာ အမေရိကန်နဲ့တရုတ်ကြား ကောင်းမွန်သော ဟန်ချက်ညီမှုရှိပြီး အဆိုပါနှစ်နိုင်ငံ ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် အကျိုးဖြစ်ထွန်းဖို့ မျှော်လင့်တယ်လို့ ထိုင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ပီချိုင်းနရစ်သာဖန်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; China’s Xi meets Thai prime minister with trade, online scams in focus

#Ayeyarwaddy_Time