ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်

တာရှည်နေပြီဖြစ်တဲ့ ရိုဟင်ဂျာအရေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေယုံ သာမက မဖြေရှင်းပါက ဒေသတစ်ခုလုံးကို ခြိမ်းခြောက်နိုင်တဲ့ ကမ္ဘာ့အရေးတစ်ခုလို့ နိုင်ငံခြားရေးအကြံ ပေးပုဂ္ဂိုလ် တူဟစ်ဟော်စိန်က ပြောပါတယ်။

“ရိုဟင်ဂျာအရေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ပြဿနာလို့ အများစုက ထင်မြင်ကြပါတယ်။ ရိုဟင် ဂျာအရေးဟာ ကမ္ဘာ့အရေးတစ်ခုဖြစ်ပါတယ်။ ရိုဟင်ဂျာအရေးကို မဖြေရှင်းရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သာမက ဒေသတစ်ခုလုံးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

ရိုဟင်ဂျာတွေကို ပံ့ပိုးကူညီမှု အရှိန်မြှင့်ဖို့ တူဟစ်ဟော်စိန်က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက် တွန်းခဲ့ပြီး အမေရိကန်အစိုးရသစ်ရဲ့ ရန်ပုံငွေဖြတ်တောက်မှုက လူသားချင်းစာနာမှု အကျပ်အတည်းကို ဆိုးရွားလာစေနိုင်တယ်လို့ ပြောပါတယ်။

“ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်အတွက် ပြည်ပထောက်ပံ့မှု လျော့နည်းနေပြီဖြစ်လို့ အမေရိ ကန်နိုင်ငံက ထပ်မံပြီး ရန်ပုံငွေဖြတ်တောက်မယ်ဆိုရင် အခြေအနေကို ပိုဆိုးရွားလာစေမှာပါ” လို့ ၎င်းက ဆိုပါတယ်။

မြန်မာ့ပြည်တွင်းစစ်ကိုလည်း ၎င်းက မီးမောင်းထိုးပြခဲ့ပြီး နိုင်ငံရေးအခင်းအကျင်းမှာ အပြောင်း အလဲတွေရှိလာမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

အဓမ္မ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်နဲ့ အခြေခံအခွင့်အရေးတွေ ပြန်ရရှိနိုင် စေဖို့ မြန်မာစစ်တပ်နဲ့ စေ့စပ်ညှိနှိုင်းနေတဲ့ တိုင်းရင်းသားနဲ့ အရပ်ဘက်ခေါင်းဆောင်တွေဟာ ရိုဟင်ဂျာ တွေ နေရပ်ပြန်ပို့ရေးကို ထည့်သွင်းရမယ်လို့ သူက ပြောပါတယ်။

“ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးဟာ တစ်ခုတည်းသော ရေရှည်အဖြေဖြစ်ပါတယ်” လို့ တူဟစ် ဟော်စိန်က ဆက်ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော်တို့ကြား တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင် ငံသို့ ထွက်ပြေးကြရာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လနောက်ပိုင်း အခြေအနေ ပိုဆိုးလာခဲ့ပါတယ်။

ကိုးကား – BSS News
Ref; Rohingya crisis is global issue, not just for Bangladesh: Touhid

#Ayeyarwaddy_Times