ဧရာဝတီတိုင်းမ်
(ရေး)၊ ဖေဖော်ဝါရီ ၅ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့မရဲစခန်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က ရဲတပ်ဖွဲ့ထံမှ သေနတ်လုကာ ပြန်လည်ပစ်ခတ်ထွက် ပြေးခဲ့ကြသည့် အချုပ်သားများအနက် သုံး ဦးကို ရေးဘီလူး အဖွဲ့မှ ကယ်ဆယ် ခေါ်ယူထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ရေးမြို့မရဲစခန်းတွင် အချုပ်သားများမှ သေနတ်လုကာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ် မြောက်သွားသည့် အချုပ်သားများအနက် သုံး ဦးကို ရေးဘီလူးအဖွဲ့က ကယ်တင်ထားနိုင်ပြီး တစ်ဦးချင်းစီကို ၇၂ နာရီအတွင်း လုံခြုံစွာကယ်တင်နိုင်ခဲ့ကြောင်း ရေးဘီလူး အဖွဲ့ထံက သိရသည်။

“အချုပ်သား သုံး ဦးကိုလည်း ဒီမိုကရေစီဆန်ဆန် ကျွန်တော်တို့မှာ တာဝန်ထမ်း ဆောင်ရမယ်ဆိုတာ မဟုတ်ဘဲ ကလေးတွေရဲ့ သွားမယ့် တပ်ရင်း၊ တပ်ဖွဲ့တွေဆီ ကျွန်တော်တို့ ရေးဘီလူးတပ်ဖွဲ့က အကောင်းဆုံးပြန်လည် ပို့ဆောင်ပေးမယ်။ ကျွန်တော်တို့ သူတို့သွားချင်တဲ့ တပ်ရင်း၊ တပ်ဖွဲ့ တွေကိုလည်း ချိတ်ဆက်ထားပေးတယ်” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ပြောဆိုထားသည်။

ထွက်ပြေးလွတ်မြောက်လာသည့် အချုပ်သား သုံး ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ၅၀(ည) တို့ ဖြင့် တရားစွဲဆိုခြင်း ခံထားရသူများ ဖြစ်ကြောင်းသိရသည်။

သေနတ်ပစ်ခတ်ကာ ထွက်ပြေးသည့် ဖြစ်စဉ်တွင် အချုပ်သား လေး ဦးလွတ်မြောက်သွားကြောင်း ကနဦးသိရှိရသော်လည်း လေးဦးထက် ပိုမိုလွတ် မြောက်သူများရှိနိုင်ပြီး ရဲစခန်းအတွင်းပင် ပြန်လည် ဖမ်းဆီးခံလိုက် ရသူများလည်း ရှိကြောင်းသိရသည်။

ထိုသို့ အချုပ်သားများမှ ရဲတပ်ဖွဲ့ဝင်များ၏ သေနတ်ကိုယူကာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ဒုရဲအုပ်နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ နေရာတွင်ပင် သေဆုံးခဲ့ပြီး စခန်းမှူးမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ – ရေးဘီလူး
#ရေး #မြို့မရဲစခန်း #အချုပ်သား #လွတ်မြောက် #ရေးဘီလူး #Ayeyarwaddy_Times