
ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၂ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ထီးတော်ကူးရွာ နဲ့ ထီးပေါ်ဆိုရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို လွိုင်ကော် PDF၊ KA၊ KNDF၊ အလယ်ပိုင်းဒေသ
အထူးစစ်ဆင်ရေးအဖွဲ့ နဲ့ အလယ်ပိုင်းတိုင်း တပ်ရင်း ၁၁၀၁တို့ကို ယမန်နေ့(၂၁) ရက်နေ့ ညနေပိုင်းအချိန်တွင် ခုခံတိုက်ခိုက်ခဲ့ကြောင်း PDF Loikaw က သတင်းထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲအတွင်း လွိုင်ကော် PDF မှ ရဲဘော် (၂) ဦး ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သော်လည်း အတည်မပြုနိုင်သေးကြောင်း
လွိုင်ကော် PDFက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – PDF – Loikaw
#Ayeyarwaddy_Times