
သန်လျင်မှာ စိတ်မနှံ့တဲ့သူကိုသွားဖမ်းတဲ့ရဲကင်းမှူး ဓားထိုးခံရပြီး ပွဲချင်းပြီးသေဆုံး
စနိုး/ဧရာဝတီတိုင်းမ်
(သန်လျင်)၊ သြဂုတ် ၂၂ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ နယ်မြေရဲကင်းမှူး ၁ ဦး သြဂုတ် ၂၂ ရက် ယနေ့ မနက်ပိုင်းက ဓားထိုးခံရ၍ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းဒေသခံများ
ထံက သိရသည်။သေဆုံးသွားသူမှာ ဘုရားကုန်းရဲကင်းစခန်းမှ ရဲကင်းမှူး ရဲတပ်ကြပ်ကြီး သန့်ဇင် ဖြစ်ပြီး ၄င်းနှင့်ရဲတပ်သား ၁ ဦးတို့သည် ဘုရားကုန်းစျေးအနောက်ဘက်တွင်
စိတ်ကျန်း မာရေးမကောင်းသည့်သူအားသွားရောက်ဖမ်းဆီးစဥ် အဆိုပါစိတ်မနှံ့သူမှ ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ဒေသခံတဦးကပြောသည်။
“ရဲကင်းမှူးသန့်ဇင်ကတော့ လည်ပင်းကိုဓားနဲ့ထိုးခံရပြီးနေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတာ။ သူနဲ့အတူပါလာတဲ့ ရဲတစ်ယောက်ကတော့ လက်ကိုထိသွားတယ်။
ရဲကင်းမှူးသန့်စင်ကို ဓားနဲ့ထိုးတာမြင်တော့ သူလည်းထွက်ပြေးသွားတယ်”ဟု အနီးပတ်၀န်းကျင်ရှိသူတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အသတ်ခံရသည့် ရဲကင်းမှူးသည် အဆိုပါစိတ်မကျန်းမာသူအား အမြဲညှင်းပန်းနှိပ်စက်ရိုက်နှက်လေ့ရှိပြီး ယခု လာရောက်ဖမ်းဆီးခြင်းမှာ မည်သည့်ကိစ္စကြောင့်
လာရောက်ဖမ်းဆီးသည်ကိုမူ မသိရှိရကြောင်း ၄င်း၏ပြောပြချက်အရ သိရသည်။
လက်ရှိတွင်မူ ဓားဖြင့်ထိုးသတ်ခဲ့သူအား စစ်ကောင်စီတပ်သားများမှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
ဓာတ်ပုံ – သန်လျင်မြို့မရဲစခန်း။
#AyeyarwaddyTimes