
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
ယခုနှစ် ပထမခြောက်လအတွင်း ဗြိတိန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုနဲ့ မြန်မာပြည်သူတစ်သန်းနီးပါးဟာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ စတာလင်ပေါင် ၂၂ ဒသမ ၄၅ သန်း ပေးအပ် ကြောင်း ဗြိတိန်နိုင်ငံက အာဏာသိမ်းမှု (၄) နှစ်ပြည့် ဇန်နဝါရီလ ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ အမျိုးသမီးနဲ့ကလေးငယ် ၁၀၇၀၀၀ ဉီးကို ကျန်းမာရေးစောင့် ရှောက်မှု ပေးအပ်ကာ လူ ၈၆၀၀၀ ဉီးကို အာဟာရပံ့ပိုးမှု ပြုလုပ်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ လူဉီးရေ သန်း ၂၀ နီးပါး အကူအညီ လိုအပ်မှုနဲ့အတူ မကြုံစဖူး လူသားချင်းစာ နာမှု အကျပ်အတည်း ကြုံတွေ့နေရစဉ် ဗြိတိန်နိုင်ငံက အခုလို အကူအညီပေးအပ်တာပါ။
“ကမ္ဘာ့နိုင်ငံတွေရဲ့ မြန်မာ့အရေး စိတ်ဝင်စားမှု ပြောင်းလဲနိုင်ပေမယ့် ဗြိတိန်နိုင်ငံက ပဋိပက္ခ ကြား နေထိုင်နေရမှုကြောင့် ရာသီဉတုပြောင်းလဲမှုဒဏ်ဘေးသင့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အ ကျပ်အတည်းတစ်ရပ် ဖြစ်စေတဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေကို မမေ့လျော့ဘူး” လို့ ဗြိတိန် ဖွံ့ဖြိုးရေး ဝန်ကြီး Anneliese Dodds က ပြောပါတယ်။
စစ်အာဏာသိမ်းမှု (၄) နှစ်ပြည့်နဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေစဉ် ဗြိတိန်နိုင်ငံဟာ အရေးပေါ် ကျန်းမာရေးလိုအပ်ချက် ဖြည့်ဆည်းပေးဖို့နဲ့ ရေရှည် ရာသီဉတုစိန်ခေါ်မှုတွေ ဖြေရှင်းပေးဖို့ ထပ်တိုး အကူအညီတွေ ပံ့ပိုးနေပါတယ်။
တိုက်ပွဲတွေကြောင့် မြန်မာပြည်သူ ၃ ဒသမ ၅ သန်း နေရပ်စွန့်ခွာနေရပြီး ပြည်သူ သန်း ၂၀ နီး ပါး လူသားချင်းစာနာမှု အကျပ်အတည်း လိုအပ်နေကာ မြန်မာနိုင်ငံဟာ ရာဇဝတ်မှုတွေ ပျံ့နှံ့လာမှုကို ကြုံတွေ့နေရပါတယ်။
မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ရဲ့ ဗဟိုကျတဲ့ အခန်းကဏ္ဍကို ဗြိတိန်နိုင်ငံက ဆက် လက်ထောက်ခံမယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံဟာ ဇန်နဝါရီလ ၃၀ ရက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး အရပ်သားတွေကို ကာကွယ်ပေးဖို့ မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်းစာနာမှု အကူအညီ အ ပြည့်အဝ ပေးအပ်ခွင့်ပြုဖို့နဲ့ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းသော ဒီမိုကရေစီ အနာဂတ်ဖန်တီးနိုင် ရေး အရေးယူမှု ထပ်မံပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ကိုးကား – https://www.gov.uk/government/news/
Ref; UK announces additional humanitarian funding for Myanmar
#Ayeyarwaddy_Times