ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ ထောင်ဖဖွန်းမြို့တွင် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦး တင်ဆောင်လာသည့် ကုန်ကားတစ်စီးကို ယမန်နေ့ ဇန်နဝါရီ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဒေသဆိုင်ရာတာဝန်ရှိသူများသည် အဆိုပါ ၂၂ ဘီး ကုန်ကားကို Thong Pha Phumလမ်း စစ်ဆေးရေးဂိတ်တွင် ရပ်တန့်စစ်ဆေးစဉ် ကုန်ကား နောက်တွဲမှ မြန်မာနိုငံသား အမျိုးသား ၁၀၂ ဦး နှင့် အမျိုးသမီး ၆၇ ဦးတို့ကို ယာဉ်အတွင်း ပြည့်ကျပ်နေသည့် အနေအထားဖြင့် တွေ့ရှိရကြောင်းလည်း သိရသည်။

ဖမ်းဆီးခံရသူများ အားလုံးမှာ မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်း လာရောက်သူများဖြစ်ကြပြီး ဆန်ခလာဘူရီရှိ နယ်စပ်ဒေသမှ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်စဉ် ရှာဖွတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကားမောင်းသူထိုင်းလူမျိုး နှစ် ဦးကို တရားမဝင် လူကုန်ကူးမှုဖြင့် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ အားလုံးကို ထောင်ဖဖွန်း ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် လူမှောင်ခိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးနိုင်ရန်အတွက် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်နေကြောင်းကို ပြည်နယ်ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ နယ်မြေ-၇ မှ ရဲမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး နိုင်ဝဒ်ဖာဒမ်ချစ်က ပြောဆိုခဲ့သည်။

ကိုးကား – Bangkok Post
#Ayeyarwaddy_Times