ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့ ဗုံးပေါက်ကွဲမှုမှာ အသက် ၈၀ အရွယ် အမျိုးသားတဦးသေဆုံး

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၂ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာမြို့နယ်၊ တလုတ္ထော်မြို့မှာ ဩဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက် ၈၀ အရွယ် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တလုတ္ထော်ကျေးရွာမှာနေထိုင်တဲ့ အသက် ၈၀ အရွယ် ဦးတင်မှာ ဆေးရုံ နဲ့ ထွေအုပ်ရုံးကြားမှာ ချထားတဲ့ ဗုံးထုပ်ကို အိမ်ထဲသို့ ယူဆောင်ဖွင့်ကြည့်ရာမှ ပေါက်ကွဲသေဆုံးခဲ့တာလို့

ဒေသခံအချို့ထံမှ သိရပါတယ်။

“အဲ့အဘကြီးက အရင်ထဲက လမ်းပေါ်မှာ ရေသန့်ဘူးတွေဘာတွေတွေ့ရင်ကောက်တတ်တဲ့အကျင့်ရှိတယ်။ မနေ့က ကြွပ်ကြွပ်အိတ်အမဲထုတ်ကြီး ကောက်သွားတာ။

သိပ်မကြာဘူး အုန်းဆို ပေါက်တာ သူလဲရုပ်ပျက်ဆင်းပျက်ပဲ ဗုံးထိတာ”လို့ ​​ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဗုံးပေါက်ကွဲမှုမှာ လမ်းပေါ်မှာသွားလာနေတဲ့အမျိုးသမီးတစ်ဦးလည်း ကျောကုန်းနဲ့ခြေထောက်တို့မှာ ဗုံးစထိပြီး ဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၈၀ အရွယ် ဦးတင်သေဆုံးမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကို အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။

ဟင်္သာတမြို့နယ်မှာ ဩဂုတ်လ ၂၀ ရက်နေ့ ညပိုင်းက လူငယ် ၂ ဦးမောင်နှင်လာတဲ့ ဆိုင်ကယ်ထဲက ဗုံးပေါက်ကွဲလို့ လူငယ် ၂ ဦးသေဆုံးခဲ့တာဖြစ်ပွားခဲ့သေးတယ်လို့

ဒေသခံတွေက ပြောပါတယ်။

#ဟင်္သာတ #တလုတ္ထောိ #ဗုံးပေါက်ကွဲ #သေဆုံး

 

#Ayeyarwddy_Times