ဧရာဝတီတိုင်းမှာ ၂ ရက်အတွင်း မိုးပိုများလာမည်

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၂ ရက်

ဧရာဝတီတိုင်းဒေသကြီးမှာ နောက် ၂ ရက်အတွင်း မိုးရွာသွန်းမှုပိုများလာမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။

သြဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်ထဲမှာ ဧရာဝတီတိုင်း အပါဝင် တိုင်းနဲ့ပြည်နယ် ၈ ခုမှာ မိုးပိုများလာမယ်လို့ ခန့်မှန်းပြောဆိုထားတာပါ။

” မိုးကအဆက်မပြတ်ရွာနေတာ ဒီနှစ်မိုးကောင်းတယ်လို့ ပြောလို့ရတယ် အနိမ့်ပိုင်းတွေတော့ရေဝင်နေပြီ လေမပါတော့ သိပ်တော့ ထွေထွေထူးထူးဖြစ်တာမရှိဘူး”

လို့ ပုသိမ်မြို့ခံပြည်သူတဦးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမြို့နယ်အချို့မှာ ဩဂုတ်လ ၂၂ ရက်နေ့ အတွင်း နေရာကွက်ပြီး မိုးကြီးတာတွေရှိနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့အပတ်က မိုးကြီးပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ဧရာဝတီတိုင်းမှာ အိမ်ခြေအနည်းဆုံး ၂၀၀ ခန့် အမိုးလန်ပျက်စီး တာတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

#AyeyarwaddyTimes