
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံရဲ့ ပြည်ပအကူအညီပေးမှု အစီအစဉ်အား လုံးကို ရက် (၉၀) ကြာ ရပ်ဆိုင်းပြီးနောက် ထိုင်းနိုင်ငံရှိ အကူအညီပေးရေးအဖွဲ့တစ်ခုက မြန်မာနိုင်ငံမှ စစ်ရှောင်တွေအတွက် အကူအညီပေးတာကို ဆိုင်းငံ့လိုက်ပါတယ်။
Urban Refugee Program ကို ဇန်နဝါရီလ ၂၅ ရက်မှစ၍ ရပ်ဆိုင်းလိုက်ပြီလို့ Jesuit Refugee Service (JRS) Thailand က Facebook ပေ့ချ်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
“အခုလို အကူအညီပေးမှု ဆိုင်းငံ့တာဟာ အဓိက အလှူရှင်ဖြစ်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန် ကြီးဌာန၊ လူဉီးရေ၊ ဒုက္ခသည်များနဲ့ ရွှေ့ပြောင်းသွားလာမှုဗျူရိုရဲ့ ရန်ပုံငွေရပ်ဆိုင်းမှုကြောင့် ဖြစ်ပါတယ်” လို့ Jesuit Refugee Service (JRS) Thailand က ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာလိုမျိုး အိမ်နီးချင်းတိုင်းပြည်တွေကနေ ထွက်ပြေးလာတဲ့ ထောင်ချီသော စစ်ရှောင်တွေကို လက်ခံထားရပြီး JRS က မြို့ပြဧရိယာတွေ၊ ဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့ စစ် ရှောင်တွေကို ပံ့ပိုးကူညီခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
သီးခြားအနေနဲ့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ အမေရိကန်နိုင်ငံရဲ့ရန်ပုံငွေနဲ့ လည် ပတ်နေတဲ့ ဆေးရုံ (၇) ခုက လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှ ဒုက္ခသည် ၁၀၀၀၀၀ ကျော်ဟာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတွေမှာ လက်ရှိ နေထိုင်လျက်ရှိတယ်လို့ ထိုင်းမီဒီယာတစ်ခုဖြစ်တဲ့ The Nation က ဖော်ပြပါတယ်။
ကိုးကား – Anadolu
Ref; Thai aid group suspends assistance to displaced people from Myanmar after Trump aid cut
#Ayeyarwaddy_Times