
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
တရုတ် လေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း (AVIC) က မြန်မာစစ်တပ်ကို လက်နက်တပ် ဆင်ပေးနေတာ ရပ်တန့်မလား သို့မဟုတ် စီးပွားရေးဆက်ဆံမှုတွေ လက်တွဲဖြုတ်မလားဆိုတာကို Airbus ကုမ္ပဏီရဲ့ စီအီးအို Guillaume Faury ထံ စာရေးသားပြီး တောင်းဆိုပေးဖို့ ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaign UK က ထောက်ခံသူတွေကို တိုက်တွန်းလိုက်ပါတယ်။
AVIC ဟာ ပြီးခဲ့နှစ်အတွင်းမှာပဲ မြန်မာစစ်တပ်ထံ လေယာဉ်အသစ် ရှစ်စင်း ရောင်းချပေးခဲ့ပါ တယ်။ အရပ်သားတွေကို သတ်ဖြတ်ရာမှာ အဆိုပါလေယာဉ်တွေကို အသုံးပြုတာကိုသိပေမယ့် ရောင်းချ ခဲ့တာလို့ Burma Campaign UK က ဆိုပါတယ်။
အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်မှု ဖြစ်တယ်လို့ Burma Campaign UK က ပြောပါတယ်။
လေကြောင်းအင်အားဟာ မြန်မာစစ်တပ် ရှင်သန်ရေးအတွက် အဓိကဖြစ်နေပြီး အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ (၄) သန်းကျော် အိုး အိမ်စွန့်ခွာခဲ့ရပြီး လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခု ဖြစ်စေခဲ့ပါတယ်။
AVIC ရဲ့ အရေးပါသော နိုင်ငံတကာမိတ်ဖက်ဖြစ်တဲ့ Airbus ဟာ ဗြိတိန်နဲ့ဉရောပရှိ အကြီးမား ဆုံး လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်ပါတယ်။
“AVIC ဟာ ကျင့်ဝတ်မရှိတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ လူ့အသက်တွေကို ကယ်တင်မလား ဒါမှမဟုတ် စာသင်ကျောင်းတွေနဲ့ နေအိမ်တွေကို ဗုံးကြဲပြီး နိုင်ငံတကာဥပဒေတွေ ချိုးဖောက်မှုမှာ ပတ် သက်တဲ့ ကုမ္ပဏီနဲ့ စီးပွားရေးမိတ်ဖက်အဖြစ် ဆက်ပြီး လက်တွဲမလားဆိုတာ Airbus CEO Guillaume Faury မှာ ရွေးချယ်ခွင့်ရှိနေပါတယ်” လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး မတ်ခ်ဖန်နာက ပြောပါတယ်။
ကိုးကား – Burma Campaign UK
Ref; Airbus: Tell AVIC to Choose Between Business with Burmese Military or with Airbus
#Ayeyarwaddy_Times