
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
အင်္ဂါနေ့ညပိုင်းက တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တော်ရှိ လေဆိပ်တစ်ခုမှာ ခရီးသည်တင် လေယာဉ်တစ်စင်း မီးလောင်ကျွမ်းခဲ့ပေမယ့် လေယာဉ်ပေါ်ပါသူအားလုံးကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ တယ်လို့ သိရပါတယ်။
အဆိုပါ Air Busan လေကြောင်းလိုင်းဟာ ခရီးသည် ၁၇၆ ဉီး တင်ဆောင်ခဲ့ပြီး ခရီးသည် (၃) ဉီး အသေးစားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဘူဆန်မြို့ရှိ ဂင်ဟေးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဘတ်ဂျက်လေကြောင်းလိုင်း ခရီးသည် တင်လေယာဉ် မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်း ဘူဆန်မြို့မှ ဟောင်ကောင်သို့ ပျံသန်းဖို့ ပြင်ဆင်နေတဲ့ Air Busan လေကြောင်းလိုင်းမှ Airbus A 321 ရဲ့နောက်ပိုင်းမှာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့တာလို့ ဒေသန္တရ မီဒီယာတွေက ဖော်ပြပါတယ်။
မီးသတ်သမားတွေက မီးလောင်မှုကို တစ်နာရီကြာအောင် ငြိှမ်းသတ်ခဲ့ရပါတယ်။ ယခုမီးလောင် မှုဟာ တောင်ကိုရီးယားနိုင်ငံရဲ့ လူအသေအပျောက်အများဆုံး လေယာဉ်မတော်တဆမှုထဲက တစ်ခုဖြစ် ပါတယ်။
ဒီဇင်ဘာလအတွင်း စရိတ်နည်း Jeju Air ပိုင် လေယာဉ်တစ်စင်း မူအန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်မှာ မီးလောင်ပြီး ပေါက်ကွဲခဲ့ရာ လေယာဉ်ပေါ်ပါသူ ၁၇၉ ဉီးစလုံး သေဆုံးခဲ့ပါတယ်။
ကိုးကား – NHK
Ref; Plane catches fire in South Korea, all evacuated
#Ayeyarwaddy_Times