
စစ်ကောင်စီတပ် နဲ့ မြို့လှ K-PDF တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိ (ရုပ်/သံ)
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၂ ရက်
စစ်ကိုင်းတိုင်၊ မြို့လှမြို့နယ်၊ စစ်ကောင်စီတပ်ရင်း ၁၂၁ သည်
အင်အား ၈၀ ခန့်ဖြင့် ချောင်းဝရွာမှစတင်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း ရိက္ခာတင်သင်္ဘောဖြင့်ထွက်လာစဥ် မြို့လှ KPDF တပ်ရင်းနှင့် သြဂုတ်လ ၂၀ ရက်နေ့က
တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ် လို့ KPDF ထံကသိရသည်။
တပ်စုမှုး တပ်မှုးဇင်ယော် အဖွဲ့နှင့်ညနေ ၅ နာရီ ၂၀ မိနစ် ဝန်းကျင်မှာ တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှ ၅ ဦးသေဆုံးပြီး ဒဏ်ရာရသူလည်း
အများအပြားရှိခဲ့တယ်လို့ တပ်မှုး ဇင်ယော်က ပြောသည်။
ဒါ့ပြင် ဒုတိယအကြိမ် တပ်စုမှုး တပ်မှုးရွှေဒေါင်း အဖွဲ့ နှင့် ထပ်မံ ဖြစ်ပွါးခဲ့ကာ မီတာ ၃၀၀ ကျော်အထိကပ်ပြီး ဘောလRPG ၊40mm တို့ကို အသုံးပြုပြီး
လိုက်လံပစ်ခတ်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီ ဘက်မှ ထိခိုက်ကျရှုံးမှု ရှိနိူင်သည် ဟု KPDF ကဆိုသည်။
တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး များဖြင့် မင်းကျောင်းကုန်းရွာ၊အနောက်တန်းဘက်ကို ရန်းသမ်းပြစ်ခတ်မှုကြောင့် မင်းကျောင်းကုန်း ရွာမှ ဦးမျိုးမျိုးအောင်
အုပ်ချုပ်ရေးမူးဟောင်းကို လက်နက်ကြီး ကျည်ထိမှန်ကာ သေဆုံးသွားခဲ့သည်ဟု KPDF ထံကသိရသည်။
မြို့လှ K-PDF
#Ayeyarwaddy_Times