ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်

အမေရိကန်နိုင်ငံက ဂရင်းလန်ကျွန်း ထိန်းချုပ်ခွင့်ရရှိမယ်လို့ သူ ယုံကြည်ကြောင်း သမ္မတ ဒေါ် နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ ဂရင်းလန်ကျွန်းကို ထိန်းချုပ်ခွင့်ရရှိမယ်လို့ ထင်ပါတယ်။ ဂရင်းလန်ကျွန်းနေ ဒေ သခံ ၅၇၀၀၀ ကလည်း အမေရိကန်နိုင်ငံနဲ့ ပေါင်းစည်းလိုပါတယ်” လို့ ၎င်းက Air Force One လေယာဉ် ပေါ်မှာ သတင်းထောက်တွေိကို ပြောပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ၂၀၁၉ ခုနှစ် သူ့ရဲ့ ပထမသက်တမ်းအတွင်း ဂရင်းလန်ကျွန်းကို ဝယ်ယူဖို့ စိတ် ဝင်စားကြောင်း ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံက ဂရင်းလန်ကျွန်းကို ထိန်းချုပ်ခွင့်ရရှိရေးဟာ နိုင်ငံတ ကာ လုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံက ဂရင်းလန်ကျွန်းကို ထိန်းချုပ်ခွင့်ရမယ်လို့ ဒေါ်နယ်ထရမ့်က ယုံကြည်ပေမယ့် အဆိုပါကျွန်းက ရောင်းဖို့မဟုတ်ဖူးလို့ ဂရင်းလန်နဲ့ ဒိန်းမတ်ဝန်ကြီးချုပ်တွေက ပြောဆိုထားပါတယ်။

ကာကွယ်ရေးနဲ့ သတ္တုတူးဖော်ရေးမှာ အမေရိကန်နိုင်ငံနဲ့ အနီးကပ် လက်တွဲဆောင်ရွက်လိုပေ မယ့် ပိုင်နက်နယ်မြေ အသုံးပြုခွင့်ဟာ ဂရင်းလန်ကျွန်းရဲ့အလုပ်ဖြစ်တယ်လို့ ဂရင်းလန်ကျွန်းဝန်ကြီးချုပ် Mute Egede က ပြောပါတယ်။

ဂရင်းလန်ကျွန်းကို ဒေသခံပြည်သူတွေက ပိုင်ဆိုင်ပြီး ကျွန်းရဲ့အနာဂတ်ကို ဒေသခံပြည်သူတွေ ကသာ ဆုံးဖြတ်နိုင်တယ်လို့ ဒိန်းမတ်ဝန်ကြီးချုပ် ဖရက်ဒရစ်ဆင်က ဒီလအစောပိုင်းမှာ ပြောကြားခဲ့ပါ တယ်။

ဂရင်းလန်ကျွန်းဟာ မြောက်အမေရိကန်မှ ဥရောပတိုက်သွားရာ အတိုတောင်းဆုံးလမ်းကြောင်း မှာ တည်ရှိရာ အမေရိကန်နိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း မြေရှားသတ္တု၊ ယူရေနီယမ်နဲ့ သံမဏိအပါအဝင် ဂရင်းလန်ကျွန်းရဲ့ သ ဘာဝ အရင်းအမြစ်တွေမှာ စိတ်ဝင်စားမှုတွေ တိုးလာခဲ့ပါတယ်။

ဂရင်းလန်ကျွန်းဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပေမယ့် ဒိန်းမတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေဆဲဖြစ်ပါတယ်။
ကိုးကား – BBC

Ref; Trump says he believes US will ‘get Greenland’

#Ayeyarwaddy_Times