ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်

ထိန်းချုပ်ခံထားရတဲ့ ရုရှားနိုင်ငံပိုင်ငွေကြေးတွေရဲ့ အမြတ်အစွန်းတွေနဲ့ ယူကရိန်းနိုင်ငံအတွက် အမေရိကန်စစ်လက်နက်တွေ ဝယ်ယူဖို့ အမေရိကန်အစိုးရက စဉ်းစားနေတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ယူကရိန်းနဲ့ရုရှားဆိုင်ရာ ငြိမ်းချမ်းရေးသံတမန် ကိတ်ကဲလော့ဂ်က ပြောပါတယ်။

ယူကရိန်းနိုင်ငံက ထိန်းချုပ်ခံထားရတဲ့ ရုရှားနိုင်ငံပိုင်ငွေကြေးတွေနဲ့ အမေရိကန်စစ်လက်နက် တွေ ဝယ်ယူဖို့ သူက ဒေါ်နယ်ထရမ့်ကို အကြံပြုခဲ့တယ်လို့ သမ္မတ ဇီလန်စကီးက ဇန်နဝါရီလ ၆ ရက်က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါနည်းလမ်းက ရုရှားကျူးကျော်စစ် ခုခံတိုက်ခိုက်ရာမှာ ယူကရိန်းကို ပံ့ပိုးကူညီပြီး အမေရိ ကန် စစ်လက်နက်ထုတ်လုပ်ရေးကို မြှင့်တင်ပေမယ့် ဘက်စုံပါဝင်တဲ့ အဖြေတစ်ခု ဖြစ်လာနိုင်တယ်လို့ ကိတ်ကဲလော့ဂ်က ဆိုပါတယ်။

“ရုရှားနိုင်ငံပိုင်ငွေကြေးတွေနဲ့ အမေရိကန်စစ်လက်နက်တွေ ဝယ်ယူဖို့ကိစ္စကို ကျွန်တော်တို့ ထပ် တလဲလဲ ဆွေးနွေးခဲ့ပါတယ်” သူက ဆိုပါတယ်။

အနောက်နိုင်ငံတွေက ရုရှားနိုင်ငံပိုင်ငွေကြေး ဒေါ်လာ ၃၀၀ ဘီလီယံကို ထိန်းချုပ်ခဲ့ပြီး ယင်းငွေ ကြေးမှ အမြတ်အစွန်း ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ ရရှိနေပါတယ်။

ဥရောပတိုင်းပြည်တွေမှာ ထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံပိုင်ငွေကြေးမှရရှိတဲ့ အမြတ်အစွန်းတွေနဲ့ ယူကရိန်းနိုင်ငံသို့ ချေးငွေ ဒေါ်လာ ၅၀ ဘီလီယံ ထုတ်ချေးထားပါတယ်။

ဥရောပသမဂ္ဂကလည်း G7 အဖွဲ့ရဲ့ ဒေါ်လာ ၅၀ ဘီလီယံ ချေးငွေအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ယူကရိန်းသို့ မကြာသေးမီက ယူရို ၃ ဘီလီယံ ထုတ်ချေးခဲ့ပါတယ်။

ဥရောပသမဂ္ဂရဲ့ အဆိုပါအစီအစဉ်သို့ ကူညီထည့်ဝင်ငွေ ယူရို ၂၀ ဘီလီယံကို ထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံပိုင်ငွေကြေးမှရရှိတဲ့ အမြတ်အစွန်းတွေက တစ်စိတ်တစ်ပိုင်း ပံ့ပိုးပေးပါတယ်။

အမေရိကန်နိုင်ငံဟာ ယူကရိန်းသို့ ချေးငွေ ဒေါ်လာ ၂၀ ဘီလီယံ ထောက်ပံ့ခဲ့ပြီး အနောက်နိုင်ငံ တွေရဲ့ ယူကရိန်းသို့ ငွေကြေးအရ ပံ့ပိုးကူညီမှုကို ပြသခဲ့ပါတယ်။

ကိုးကား – The Kyiv Independent
Ref; US considers buying weapons for Ukraine using frozen Russian assets, Kellogg says

#Ayeyarwaddy_Times