ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာပြည်နယ်၊ ချာနာခရိုင်မှာ မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ် မယ့် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ (၁၀)ဦးနဲ့ ထိုင်းယာဉ်မောင်းနှစ်ဉီးကို ရဲတပ်ဖွဲ့က ဖမ်း ဆီးခဲ့တယ်လို့ သိရပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေဟာ စနေနေ့ညနေပိုင်း က ချာနာခရိုင်ရှိ လမ်းမကြီးတစ်ခုမှာ သတင်းအရ ကားနှစ်စင်းကို ရပ်တန့်ရှာဖွေခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံသားနှစ်ဉီးမောင်းနှင်တဲ့ ကားနှစ်စင်းအတွင်းမှာ မြန်မာနိုင်ငံမှ အမျိုးသား (၇) ဦးးနဲ့ အ မျိုးသမီး (၃) ဦး စုစုပေါင်း (၁၀) ဦးကို တွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံသားအားလုံးနဲ့ ထိုင်းနိုင်ငံသားနှစ်ဉီးကို ဥပဒေအရ အရေးယူဖို့ ရဲစခန်းမှာ ထိန်းသိမ်း ခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေကို ဆောင်ခလာခရိုင်မှ ခေါ်ဆောင်ကာ ၎င်းတို့ကို အခြားမော်တော်ယာဉ် တစ်စင်းက လာရောက်ခေါ်ဆောင်မယ့် ပတာနီပြည်နယ်သို့ ပို့ဆောင်ပေးရန် တစ်ဉီးလျင် ဘတ် ၂၀၀၀ ရရှိခဲ့တယ်လို့ ထိုင်းယာဉ်မောင်းတွေက ဝန်ခံခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

၎င်းတို့ကို ပတာနီဒေသခံတစ်ဉီးက ငှားရမ်းခဲ့ခြင်းဖြစ်ကာ ယခင်ကလည်း အလားတူ တရားမ ဝင် ရွှေ့ပြောင်းသွားလာသူတွေကို ပို့ဆောင်ပေးခဲ့ဖူးတယ်လို့ ထိုင်းယာဉ်မောင်းတွေက ပြောပါတယ်။

ရန်ကုန်မြို့မှ အများစုပါဝင်တဲ့ မြန်မာနိုင်ငံသားတွေက ဖမ်းဆီးမခံရခင် ငါးရက်ကြာအောင် ခရီး သွားလာခဲ့ပြီး မလေးရှားနိုင်ငံသို့ရောက်ရှိဖို့ မြန်မာလူပွဲစားတစ်ဉီးကို ဘတ် ၁၂၀၀၀၀ စီ ပေးခဲ့ရတယ်လို့ ရဲမှူးကြီး ချနိုကရူဒီးက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; 10 illegal migrants bound for Malaysia caught in southern Thailand

#Ayeyarwaddy_Times