
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်
ရှမ်းမြောက်၊ တအာင်းတပ်မဟာ ၂ နယ်မြေ၊ ကျောက်မဲမြို့၊ အမှတ် ၂ ရက်ကွက်၊ ညဈေးတန်းနှင့် ခရိုင်ရုံးများပေါ်သို့ စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီ ၁၈ မိနစ်ခန့်တွင် ကျောက်မဲမြို့ နေရပ်ကွက်ပေါ်သို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လတ်တလောတွင် အမှတ် ၂ ရပ်ကွက် ကံ့ကော်လမ်းရှိအမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“အမျိုးသားတစ်ယောက် ခုထိ ဦးခေါင်းရှာမရသေးဘူး။ ပြတ်ထွက်သွားတာ”ဟု ကျောက်မဲမြို့နေ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တအာင်းတပ်မတော် TNLA မှ စစ်ကောင်စီတပ်၏ လေကြောင်းလာရောက်တိုက်ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေကို အသေးစိတ်မသိရသေးဘဲ ထပ်မံထုတ်ပြန်မည်ဟုဆိုသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူသေဆုံးမှုများခဲ့သည်။
#ရှမ်းမြောက် #ကျောက်မဲမြို့ #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ #အရပ်သားပြည်သူသေဆုံး #Ayeyarwaddy_Times