ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့အတွင်းရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီ ၂၅ မိနစ်နှင့် ၁ နာရီ ၂၉ မိနစ်တို့တွင် ကျောက်မဲပြည်သူ့ဆေးရုံကို လေကြောင်းမှ ဗုံးနှစ်ကြိမ် လာရောက်ကြဲချသည့်အတွက် CDM ဆရာမ တစ်ဦးနှင့် လူနာတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ကျောက်မဲပြည်သူ့ ဆေးရုံကိုဂျက်ဖိုက်တာဖြင့် ဗုံးလေးလုံး ကြဲချတိုက်ခိုက်သည့်အတွက် CDM ဆေးရုံ၀န်ထမ်းများအပြင် အရပ်သားအပါ အဝင် လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ ဆေးရုံလည်း ပျက်စီးသွားကြောင်း သိရသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် မြို့ကိုထိန်း ချုပ်ပြီးနောက်ပိုင်း ကျောက်မဲပြည်သူ့ဆေးရုံကို ဆေးရုံကိုပြန်လည်ဖွင့်လှစ်ကာကျန်းမာရေးဝန်ဆောင်မှုများပေးပြီး ဆေးကုသမှု များ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

စစ်ကောင်စီ၏ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဗုံးစထိမှန်သော ဒေသခံပြည်သူများကို TNLA ရဲဌာနနှင့် ပရဟိတအသင်းများမှ ဝိုင်းဝန်းကယ်ဆယ်၍ ဆေးကုသမှုများ ကူညီဆောင်ရွက်ပေးနေကြောင်း TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း နောင်ချိုမြို့ကို ဗုံးကြဲချ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ကိုးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ သုံး ဦးရှိပြီး နေအိမ် အဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရပ်သားများကို ဦးတည်ကာ ဗုံးကြဲတိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကာ လေကြောင်းရန်ကာကွယ်ရေး ဆိုင်ရာနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန် TNLA က သတိပေး ထုတ်ပြန်ပေးထားသည်။

#ရှမ်းမြောက် #ကျောက်မဲ #ပြည်သူ့ဆေးရုံ #စစ် ကောင်စီ #လေကြောင်း #ဗုံးကြဲ #Ayeyarwaddy_Times