ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ များပြားလာတာ ထိုင်းနိုင်ငံကို အပြစ်ဖို့ရမယ်ဆိုတဲ့ မြန်မာ စစ်ကောင်စီရဲ့ ပြောကြားချက်ကို ထိုင်း ဒုတိယဝန်ကြီးချုပ် ဝီချာယာချိုင်းက ပယ်ချခဲ့ပြီး အဆိုပါပြဿ နာဟာ အဖွဲ့အစည်းများစွာနဲ့ သက်ဆိုင်တဲ့ ရှုပ်ထွေးသောကိစ္စရပ်တစ်ခုလို့ ပြောပါတယ်။

တိုင်းပြည်များစွာရဲ့ နယ်စပ်တွေမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လုပ်ကိုင်နေတာဖြစ်လို့ အဆိုပါ ပြဿနာဟာ ထိုင်းနိုင်ငံတစ်ခုတည်းရဲ့ အပြစ်မဟုတ်ဖူးလို့ ၎င်းက ဆိုပါတယ်။

စစ်ကောင်စီက ရာဇဝတ်ဂိုဏ်းတွေကို ချေမှုန်းသုတ်သင်ရာမှာ အိမ်နီးချင်းတိုင်းပြည်တွေက အ ခက်အခဲဖြစ်အောင် ပြုလုပ်နေတယ်လို့ မြန်မာစစ်ကောင်စီမီဒီယာတွေရဲ့ ဖော်ပြချက်ကို သူက အခုလို တုံ့ပြန်ခဲ့တာပါ။

ထိုင်းအစိုးရက ကျားဖြန့်လုပ်ငန်းတွေကို အမြစ်ဖြတ်ချေမှုန်းနိုင်ရေး မြန်မာစစ်ကောင်စီနဲ့ ပူး ပေါင်းဆောင်ရွက်ဖို့ သံန္နိဌာန်ချထားပြီး အဆိုပါကိစ္စကို ထိုင်းတာဝန်ရှိသူတွေနဲ့ မြန်မာစစ်ကောင်စီ အ ရေးကြီးပုဂ္ဂိုလ်တွေကြား မကြာသေးမီက အစည်းအဝေးမှာ မဆွေးနွေးခဲ့ဘူးလို့ ၎င်းက ဆက်ပြောပါ တယ်။

နယ်စပ်တစ်လျှောက် ဖြစ်ပျက်နေတဲ့ တရားမဝင် လှုပ်ရှားမှုတွေကို ထိုင်းနိုင်ငံက အမြဲ စောင့် ကြည့်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ သာနာသစ်က ပြောပါတယ်။

ရာဇဝတ်ဂိုဏ်းတွေက ထိုင်းမြေကို အသုံးချပြီး လုပ်ကိုင်နေတယ်လို့ သက်သေပြနိုင်ပါက နယ် စပ်တစ်လျှောက် အဆိုပါဂိုဏ်းတွေကို ထိရောက်စွာ ဖြိုခွင်းနိုင်ရေး မြန်မာကို ကူညီဖို့ ထိုင်းအစိုးရက အ ဆင်သင့်ရှိတယ်လို့ သူက ဆိုပါတယ်။

သာဗီဆင်းအစိုးရ မြန်မာနယ်စပ်တစ်လျှောက်ရှိ ကျားဖြန့်လုပ်ငန်းတွေထံ လျှပ်စစ်ဓာတ်အား ပေးပို့မှုကိုဖြတ်တောက်ဖို့ ညွှန်ကြားခဲ့ပေမယ့် ဘာကြောင့် မဖြတ်တောက်သလဲဟု အောက်လွှတ်တော် လုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီက ပြည်ထဲရေးဝန် ကြီးဌာနက မေးမြန်းခဲ့ပါတယ်။

“မြန်မာနိုင်ငံရှိ အဖွဲ့အစည်းတွေထံ လျှပ်စစ်ဓာတ်အား ရောင်းချမှုဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံ ခြုံရေးကို မထိခိုက်စေဖို့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလိုက်နာဖို့ ဝန်ကြီးဌာနမှာ တာဝန်ရှိပါတယ်” လို့ ပြည်သူ့ပါတီရဲ့ လွှတ်တော်အမတ် ကော်မတီဉက္ကဌ ရန်စီမန်ရိုမီက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Govt ‘not to blame’ for Myanmar scam hubs

#Ayeyarwaddy_Times