ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

တောင်ကိုရီးယားနိုင်ငံရဲ့ ရာထူးမှရပ်ဆိုင်းခံရတဲ့ သမ္မတ ယွန်ဆတ်ခ်ယိုလ်ဟာ ပထမဆုံးအကြိမ် တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ပြီး စစ်အုပ်ချုပ်ရေးပြဌာန်းဖို့ ကြိုးပမ်းခဲ့စဉ် လွှတ်တော်အမတ်တွေကို ဖမ်းဆီး ဖို့ အမိန့်မပေးခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

တောင်ကိုရီးယားလွှတ်တော်က သမ္မတ ယွန်ဆတ်ခ်ယိုလ်ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်အတွင်း ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက သူ့ကို အပြီးတိုင် ရာထူးမှ ဖယ် မဖယ် ဆုံးဖြတ်ဖို့ တရားစီ ရင်မှု စတင်ခဲ့ပါတယ်။

သမ္မတ ယွန်ဆတ်ခ်ယိုလ်အား သူ့ကို ချုပ်နှောင်ထားရာ ထိန်းသိမ်းရေးစင်တာမှ ဖွဲ့စည်းပုံဆိုင် ရာခုံရုံးသို့ ဗင်ကားတစ်စင်းနဲ့ ပို့ဆောင်စဉ် အင်္ဂါနေ့က လုံခြုံရေး တင်းကြပ်ခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာတဲ့ညပိုင်းက လွှတ်တော်မှ လွှတ်တော်အမတ်တွေကို ဖမ်းဆီးဖို့ တပ်မှူး တွေကို အမိန့်ပေးခဲ့ခြင်း ရှိ မရှိ မေးမြန်းရာမှာ “အမိန့်မပေးခဲ့ပါ” လို့ ယွန်ဆတ်ခ်ယိုလ်က ဖြေကြားခဲ့ပါ တယ်။

“ကျွန်တော်ဟာ လစ်ဘရယ်ဒီမိုကရေစီကို ခိုင်မာစွာ ယုံကြည်တဲ့သူတစ်ယောက်ဖြစ်ပါတယ်” လို့ နှစ်နာရီနီးပါးကြာ တရားရုံး ကြားနာမှုအစပိုင်းမှာ ယွန်ဆတ်ခ်ယိုလ်က ပြောပါတယ်။

“ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရင် အမှုဖြစ်စဉ်အား လုံးကို အသေးစိတ် စစ်ဆေးဖို့ တောင်းဆိုပါတယ်” လို့ ၎င်းက တရားသူကြီးတွေကို ပြောပါတယ်။

တရားရုံးအပြင်ဘက်မှာ ယွန်ဆတ်ခ်ယိုလ်ကို ထောက်ခံသူတွေက ယွန်ဆတ်ခ်ယိုလ်အား လွှတ် ပေးဖို့နဲ့ ချက်ချင်း ရာထူးပြန်ခန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

ယွန်ဆတ်ခ်ယိုလ်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီကို ကာကွယ်စောင့် ရှောက်ဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့ ထောက်ခံသူများစွာက ပြောပါတယ်။

ယွန်ဆတ်ခ်ယိုလ်အား စစ်အုပ်ချုပ်ရေး ကြေညာဖို့ အကြံပြုခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်က နောက်အပတ် ကြာသပတေးနေ့ ကြားနာမှုမှာ သက်သေအဖြစ်ထွက်ဆိုမှာပါ။

ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ အဖွဲ့ဝင် (၈) ဉီးအနက် (၆) ဉီးက စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ရင် ယွန် ဆတ်ခ်ယိုလ်အား ရာထူးမှဖယ်ရှားကာ သမ္မတရွေးကောက်ပွဲကို နှစ်လအတွင်း ကျင်းပရမှာဖြစ်ပါတယ်။

ကိုးကား – BBC
Ref; South Korea president denies ordering arrest of lawmakers

#Ayeyarwaddy_Times