ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ စစ်အာဏာသိမ်းမှုကြောင့် တိုက်ပွဲတွေဖြစ်ပွားလျက်ရှိရာ မြန်မာ့အခြေအနေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်စဲရေး တောင်းဆိုဖို့ မြန်မာနိုင်ငံသို့ အထူးကိုယ်စားလှယ်တစ်ဉီး စေလွှတ်ဖို့ အာဆီယံအဖွဲ့က စီစဉ်နေပါတယ်။

အာဆီယံအလှည့်ကျဉက္ကဌ မလေးရှားနိုင်ငံဟာ စနေနဲ့တနင်္ဂနွေနေ့က လန်ကာဝီကျွန်းမှာ နှစ် ရက်ကြာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။

မြန်မာစစ်တပ်က အစည်းအဝေးမှာ တိုင်းပြည်ကိုကိုယ်စားပြုဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲ တမ်း အတွင်းဝန်ကို စေလွှတ်ခဲ့ပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာစစ်တပ်နဲ့ ဒီမိုကရေစီတပ်ဖွဲ့တွေကြား လက်ရှိ တိုက်ပွဲတွေနဲ့ပတ်သက်လို့ အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။

အရပ်ဘက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းဖို့ ပြင်ဆင်မှုအဖြစ် ယခုနှစ်အတွင်း အထွေထွေရွေး ကောက်ပွဲကျင်းပမယ့် ရည်ရွယ်ချက်ကို မြန်မာစစ်ကောင်စီကိုယ်စားလှယ်က ထပ်လောင်းပြောကြားခဲ့ တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်အချို့က အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်စဲရေး ဉီးစားပေးဖို့ ပြောကြားခဲ့ပြီး အာဆီယံအဖွဲ့ဝင်အချို့က ရွေးကောက်ပွဲကို တရားမျှတမှုရှိရှိ၊ ပွင့်လင်းမြင်သာစွာကျင်းပဖို့ အရေးကြီး တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်စဲဖို့ အပါအဝင် လွန်ခဲ့သော (၄) နှစ်က အာဆီယံအဖွဲ့နဲ့မြန်မာ ကြား သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်နိုင်ရေး စစ်ကောင်စီကို တိုက်တွန်းဖို့ အသစ်ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ စေလွှတ်ဖို့ မလေးရှားနိုင်ငံက စီစဉ်နေပါတယ်။

ကိုးကား – NHK
Ref; ASEAN to send special envoy to Myanmar for immediate cessation of violence

#Ayeyarwaddy_Times