ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

ပြည်တွင်းစစ် အရှိန်မြှင့်လာစဉ် ရွေးကောက်ပွဲကျင်းပဖို့ ဉီးစားမပေးသင့်ဘူးလို့ အာဆီယံနိုင်ငံ တွေက မြန်မာစစ်ကောင်စီကို ပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့နဲ့ အကြမ်းဖက်မှုတွေ ချက် ချင်း အဆုံးသတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံရှိ စစ်မက်ဖြစ်ပွားနေတဲ့ အဖွဲ့အစည်းတွေကို တိုက်ပွဲတွေ ရပ်တန့်ဖို့ အာဆီယံနိုင်ငံ တွေက တောင်းဆိုခဲ့ပြီး လူသားချင်းစာနာမှု အကူအညီတွေ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုဖို့ စစ် ကောင်စီကို ကိုယ်စားလှယ်ကို ပြောကြားခဲ့တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ် ဆန်က ဆိုပါတယ်။

“ရွေးကောက်ပွဲကျင်းပဖို့ ဉီးစားပေးမဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေးကိုသာ ဦးစားပေးဖို့ ကျွန် တော်တို့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို ပြောကြားခဲ့ပါတယ်” လို့ လန်ကာဝီကျွန်းမှာ ဝန်ကြီးအ ဆင့် သီးသန့်အစည်းအဝေးကျင်းပပြီးနောက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးတွေ အာဏာဆက်ထိန်းနိုင်မယ့် အတုအယောင်တစ်ခုအဖြစ် ရှုမြင်ထားတဲ့ ရွေး ကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပဖို့ မြန်မာစစ်ကောင်စီက စီစဉ်နေပါတယ်။

သံတမန်ဟောင်း Othman Hashim ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဉက္ကဌရဲ့ အထူးကိုယ်စား လှယ်အဖြစ် ခန့်အပ်ကြောင်း မလေးရှားနိုင်ငံက ကြေညာခဲ့ပါတယ်။

Othman Hashim ဟာ မကြာခင် မြန်မာနိုင်ငံသို့ သွားရောက်မယ်လို့ မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်ဖို့ Othman Hashim က မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးကို နားချရမှာဖြစ်ပါတယ်။

အာဆီယံ တူညီဆန္ဒ (၅) ရပ် ဖော်ဆောင်ဖို့ ပျက်ကွက်တာကြောင့် အာဆီယံအဖွဲ့က မြန်မာဗိုလ် ချုပ်ကြီးတွေကို ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။

“ကျွန်တော်တို့က မြန်မာကို ဘုံသဘောတူညီချက် (၅) ရပ် လိုက်နာဖို့၊ အကြမ်းဖက်မှုတွေ ရပ် ဆိုင်းဖို့နဲ့ တွေ့ဆုံမှုတွေ ပြုလုပ်စေလိုပါတယ်။ မြန်မာနိုင်ငံရှိ အကူအညီလိုအပ်သူအားလုံးထံ လူသားချင်း စာနာမှု အကူအညီတွေ ရောက်ရှိစေလိုပါတယ်” လို့ မိုဟာမက်ဟတ်ဆန်က ဆိုပါတယ်။

ကိုးကား – Reuters
Ref; ASEAN tells Myanmar junta peace, not election, is priority

#Ayeyarwaddy_Times