ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်

ယူကရိန်းနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း ဗုံးကြဲဒရုန်း အစင်း ၃၀၀၀၀ ကျော် ထုတ်လုပ်ခဲ့တယ်လို့ မဟာဗျူဟာမြောက် စက်မှုဝန်ကြီး ဟာမန်းစမီတာနင်က ဇန်နဝါရီလ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

မိုင်းတွေကို အဝေးထိန်းစနစ်နဲ့ ကွဲစေနိုင်ပြီး ယူကရိန်းစခန်းတွေသို့ ခဲယမ်းမီးကျောက်၊ အစားအ သောက်နဲ့ ဆေးဝါးတွေ ပို့ဆောင်နိုင်တဲ့ ဗုံးကြဲဒရုန်းတွေကို ရုရှားကျူးကျော်စစ်ပွဲကာလအတွင်း ထုတ် လုပ်ခဲ့ပြီး အဓိကအားဖြင့် ညအချိန်မှာ အသုံးပြုပါတယ်။

ညအချိန်မှာ တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ယူကရိန်း ဗုံးကြဲဒရုန်းတွေကို ရုရှားစစ်သားတွေက “ဒဏ္ဍာရီ လာစုန်းမ” အဖြစ် တင်စားခေါ်ဝေါ်ကြပါတယ်။

“ယူကရိန်းနိုင်ငံမှာ ဒါဇင်ပေါင်းများစွာရှိတဲ့ ဗုံးကြဲဒရုန်းတွေရှိပြီး မနှစ်က ဗုံးကြဲဒရုန်း အစင်းရေ ၃၀၀၀၀ ကျော် ထုတ်လုပ်ခဲ့ပါတယ်” လို့ ဟာမန်းစမီတာနင်က ပြောပါတယ်။

ဇန်နဝါရီလ ၁၆ ရက်က သမ္မတ ဇီလန်စကီးနဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတန်မာရဲ့ ကိယက်ဗ်ခ ရီးစဉ်အတွင်း ကင်းထောက်ဒရုန်းတွေကိုလည်း ပြသခဲ့ပါတယ်။

အသီးသီးသော ဝေဟင်၊ ရေပြင်နဲ့ မြေပြင်ဒရုန်းတွေကို ထုတ်လုပ်ကာ ကင်းထောက်လှမ်းခြင်း၊ တိုက်ခိုက်ရေးနဲ့ ယူကရိန်းတပ်ဖွဲ့တွေရဲ့ အခြားလုပ်ငန်းတွေမှာ အောင်မြင်စွာ အသုံးပြုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံက ၂၀၂၄ ခုနှစ်အကုန်မှာ ရှေ့တန်းရှိ တပ်ဖွဲ့အသီးသီးထံ ပြည်တွင်းထုတ်ဒရုန်း အ စင်းရေ ၂၀၀၀၀၀ ကျော် ပေးအပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး ရုစတမ်အူမာရော့ဗ်က ပြောပါတယ်။

ကိုးကား – The Kyiv Independent
Ref; Ukraine produced over 30,000 bomber drones in 2024, minister says

#Ayeyarwaddy_Times