
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်
အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းတွေကို ဖြိုခွင်းမယ့်အစီအမံတွေ လုပ်ဆောင်ကြဖို့ တ ရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံနိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။
ပေကျင်းမြို့တော်မှာ အာဆီယံနိုင်ငံများမှ သံအမတ်တွေနဲ့ တွေ့ဆုံချိန်မှာ သူက အခုလို တောင်း ဆိုခဲ့တာလို့ နိုင်ငံပိုင် China Daily သတင်းစာက ဖော်ပြပါတယ်။
တရုတ်နဲ့ အခြားတိုင်းပြည်များမှ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေကို ပြင်းထန်စွာ ခြိမ်းခြောက် နေတဲ့ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက် လို့ စိုးရိမ်မိကြောင်း ဝမ်ယိက ထုတ်ဖော်ပြောခဲ့တယ်လို့ သိရပါတယ်။
ပြည်သူတွေ ဘေးကင်းလုံခြုံရေးနဲ့ ပိုင်ဆိုင်မှုတွေ ကာကွယ်မယ့် တာဝန်ယူဖို့၊ ထိရောက်တဲ့ အစီ အမံတေွ ချမှတ်ကြဖို့နဲ့ ရာဇဝတ်ကောင်တွေကို အပြစ်ပေးဖို့ ၎င်းက သက်ဆိုင်ရာနိုင်ငံတွေကို တောင်းဆို ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ကျားဖြန့်လုပ်ငန်းတွေ တိုက်ဖျက်နိုင်ရေး အာဆီယံနိုင်ငံတွေနဲ့ တရားဉပဒေစိုး မိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုတဲ့ဆန္ဒရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ များပြားလာခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ နယ်ခြားစောင့်တပ်ဖွဲ့ ထိန်းချုပ်ထားရာဧရိယာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်အစိုးရက မြန်မာစစ်ကောင်စီကို ဖိအားပေးခဲ့ပါတယ်။
မြန်မာစစ်ကောင်စီက ကျားဖြန့်နှိမ်နင်းရေးမှာ လုံလောက်တဲ့ ပံ့ပိုးကူညီမှုမလုပ်တာကြောင့် တ ရုတ်အစိုးရက ၂၀၂၃ ခုနှစ်အကုန်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၃) ခုကို “စစ်ဆင်ရေး ၁၀၂၇” စ တင်ဖို့ ခွင့်ပြုခဲ့ပါတယ်။
မြန်မာအာဏာပိုင်တွေက ၂၀၂၃ ခုနှစ်အတွင်း ကျားဖြန့်သံသယရှိသူ ၃၁၀၀၀ ကျော်ကို တရုတ် နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီး အများစုကို ဝတပ် (UWSA) ထိန်းချုပ်ဒေသတွေကနေ နှင်ထုတ်ခဲ့တာပါ။
ကိုးကား – The Diplomat
Ref; China’s FM Calls on Southeast Asia to Tackle Online Scamming Scourge
#Ayeyarwaddy_Times