
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်
မြန်မာအပါအဝင် အခြားတိုင်းပြည်တွေက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ဖမ်းဆီးခံထားရတဲ့ တ ရုတ်နိုင်ငံသားတွေကို ကယ်တင်ဖို့ တရုတ်နိုင်ငံက အစွမ်းကုန် ကြိုးပမ်းမယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာနက ဇန်နဝါရီလ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပြည်ပငွေလိမ်ဂိုဏ်းတွေဟာ လစာမြင့်မားတဲ့ အလုပ်အကိုင်တွေ၊ အစားအသောက်၊ နေထိုင်စရာ၊ လေယာဉ်လက်မှတ်တွေပေးမယ့် ကတိကဝတ်တွေနဲ့ တရုတ်နိုင်ငံသားတွေကို လှည့်စားကာ ထိုင်းနယ် စပ်အနီး မြဝတီလိုမျိုးမြို့တွေက ကျားဖြန့်လုပ်ငန်းတွေမှာ ပိတ်လှောင်ထားခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ရုပ်သံဌာန CCTV ရဲ့ ဆောင်းပါးတစ်ပုဒ်က ဖော်ပြပါတယ်။
ပြည်ပမှာ ပိတ်လှောင်ခံထားရတဲ့ သူ့နိုင်ငံသားတွေကို ကယ်တင်ကာ ကျားဖြန့်လုပ်ငန်းတွေကို ဖြိုခွင်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်ဖို့ တရုတ်နိုင်ငံက တရားဉပဒေစိုးမိုးရေးအေဂျင်စီတွေနဲ့အတူ ကြိုးပမ်း သွားမယ်လို့ အဆိုပါဆောင်းပါးက ဆိုပါတယ်။
အာဆီယံနိုင်ငံတွေအတွက် ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်မီက ဒေါ်လာ ဘီလီယံချီသုံးစွဲခဲ့တဲ့ တ ရုတ်ခရီးသွားတွေဟာ အမြတ်များသော လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။
တရုတ်ခရီးသွားအချို့ လူမှောင်ခိုဂိုဏ်းတွေရဲ့ လူကုန်ကူးခံရပြီး ကျားဖြန့်လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခံနေရတဲ့အကြောင်းတွေ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာပြီးနောက် စိုးရိမ်မှုတွေ ရှိလာပါတယ်။
ဘေးကင်းသော ခရီးသွားလုပ်ငန်းနယ်မြေတစ်ခုဆိုတဲ့ ထိုင်းနိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့ ပြဿ နာတွေကို အရှိန်မြှင့်ဖြေရှင်းဖို့ ဇန်နဝါရီလ ၁၃ ရက်ကပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုမှာ ထိုင်းဝန်ကြီးတွေက သဘောတူခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း မြဝတီမြို့က ကျားဖြန့်တွေမှာ ပိတ်လှောင်ခံထားရတဲ့ တရုတ် နိုင်ငံသား ၉၀၀ ခန့်ကို လွှဲပြောင်းနိုင်ရေး ကူညီပေးခဲ့ပြီး မြန်မာနိုင်ငံက ၂၀၂၃ ခုနှစ်မှာ ကျားဖြန့်သံသယ ရှိသူ ၃၁၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်း ၁၀၀၀ ကျော် ထူထောင်ခဲ့ပြီး လူ ၁၀၀၀၀၀ ကျော်ဟာ နေ့စဉ် အွန်လိုင်းငွေလိမ်မှုတွေ ပြုလုပ်နေတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းငွေလိမ်မှုတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ပူးပေါင်းတိုက်ဖျက်ဖို့ နိုဝင်ဘာလအတွင်း မြန်မာစစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ တရုတ်ဝန် ကြီးချုပ် လီကျင်းက တောင်းဆိုခဲ့ပါတယ်။
ကိုးကား – Reuters
Ref; China vows to rescue scam victims, crack down on cross-border criminal gangs
#Ayeyarwaddy_Times