ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်

ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကျွန်းကို အမေရိကန်နိုင်ငံသို့ရောင်းချဖို့ သဘောမတူဘူးလို့ ဒိန်းမတ် ဝန်ကြီးချုပ် မတ်တေးဖရက်ဒရက်ခ်ဆင်က အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကို ပြောပါ တယ်။

အမျိုးသားလုံခြုံရေးအတွက် ဒိန်းမတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ ဂရင်းလန်ကျွန်း ကို အမေရိကန်နိုင်ငံက ဝယ်ယူသင့်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားထားပါတယ်။

မတ်တေးဖရက်ဒရက်ခ်ဆင်ဟာ ဗုဒ္ဓဟူးနေ့က ဒေါ်နယ်ထရမ့်နဲ့ ဖုန်းပြောဆိုခဲ့တယ်လို့ ဒိန်းမတ် ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

ဂရင်းလန်ကျွန်းဟာ ရောင်းချဖို့မဟုတ်ပဲ လွတ်လပ်ရေးကိုဆုံးဖြတ်ဖို့က ဂရင်းလန်ကျွန်းနေပြည်သူတွေအပေါ်မှာသာ မူတည်တယ်လို့ မတ်တေးဖရက်ဒရက်ခ်ဆင်က ဒေါ်နယ်ထ ရမ့်ကို ပြောကြားခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံမှ သွင်းကုန်တွေအပေါ် စည်းကြပ်ခွန်ကောက်ခံဖို့ ခြိမ်းခြောက်စကားတွေကို ဒေါ် နယ်ထရမ့်က မရုတ်သိမ်းခဲ့ဘူးလို့ ၎င်းက ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါ တယ်။

ဒိန်းမတ်နိုင်ငံဟာ စိုးရိမ်ရသော အခြေအနေမှာဖြစ်ပြီး ကုန်သွယ်မှုနယ်ပယ်မှာ အမေရိကန်နိုင်ငံ နဲ့ ဘယ်လိုပဋိက္ခမျိုးမှ မဖြစ်လိုဘူးလို့ သူက ဆိုပါတယ်။

အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်မှုဆိုင်ရာ ပဋိပက္ခဖြစ်လာမှာကို ဒိန်းမတ်စီးပွားရေးလုပ်ငန်းတွေက စိုးရိမ်နေကြပါတယ်။

မတ်တေးဖရက်ဒရက်ခ်ဆင်ဟာ ကြာသပတေးနေ့က ဆေးဝါးနဲ့ ဘီယာအပါအဝင် ဒိန်းမတ်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် လာမယ့်အပတ်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးရင် သူနဲ့ ဆွေးနွေးမှု ဆက်လက်ပြုလုပ်မယ်လို့ မတ်တေးဖရက်ဒရက်ခ်ဆင်က ဆိုပါတယ်။

ကိုးကား – NHK
Ref; Danish PM to Trump: Greenland is not for sale

#Ayeyarwaddy_Times