ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ မကျီးဇင်ရွာတွင် တိုက်ပွဲဖြစ်ပွားသောကြောင့် တိမ်းရှောင်လာကြသော ဒေသခံများ၏ စက်လှေများကို ရွှေသောင်ယံမြို့ရှိ နယ်မြေ ရဲစခန်းမှ နေ့စဥ်ချောဆွဲခြင်း နှင့် ငွေတောင်းယူခြင်းများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့က အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များမှ မကျီးဇင်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ရဲစခန်းကို ၀င်ရောက်တိုက်ခိုက်သောကြောင့် စစ်ဘေးရှောင်သူများက စက်လှေများဖြင့် ရွှေသောင်ယံမြို့ကို စစ်ဘေးရှောင်လာရာမှ ယခုကဲ့သို့ ပြုလုပ်ခံနေရကြောင်း ဒေသခံများမှပြောသည်။

“စစ်ဘေးကြောင့် ဒုက္ခရောက်နေလို့ ပြေးလာတာကို ရွှေသောင်ယံက ရဲတွေကို ဘောမိရွာဘက်ကို နေ့တိုင်းအလှည့်ကျ လိုက်ပို့နေရတယ်။ ဆီလည်းထည့်မပေးဘူး ၊ မလိုက်နိုင်ရင်ပိုက်ဆံထည့်ရတယ်”ဟု စစ်ဘေးရှောင်လာသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရွှေသောင်ယံ နယ်မြေရဲစခန်းမှူး နေအောင်ဆိုသူမှ စစ်ဘေးရှောင်လာသည်စက်လှေများကို စစ်ကြောင်းထိုးရန် ချောဆွဲခြင်းနှင့် မလိုက်ပါက ငွေကျပ်ငါးသိန်းထက်မနည်း တောင်းယူနေကြောင်း သိရသည်။

လက်ရှိတွင် မကျီးဇင်ကျေးရွာဘက်တွင် တိုက်ပွဲများ ငြိမ်သက်နေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး ရွှေသောင်ယံမြို့ရှိ ရက်ကွက်များတွင် စစ်ဘေးရှောင်လာသူများ နေထိုင်နေကြောင်း သိရသည်။

#စစ်ဘေးရှောင် #စက်လှေများ #ရွှေသောင်ယံမြို့ရဲစခန်း #ချောဆွဲ #ငွေတောင်း #စခန်းမှူးနေအောင်
#Ayeyarwaddy_Times