
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်
ဒီဇင်ဘာလအတွင်း စစ်အုပ်ချုပ်ရေး ကြေညာမှုနဲ့ပတ်သက်လို့ ပုန်ကန်မှုစွဲချက်တွေ ရင်ဆိုင်နေရ တဲ့ သမ္မတ ယွန်ဆတ်ခ်ယိုကို ထိန်းသိမ်းလိုက်ပြီလို့ တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးမှူးတွေက ပြော ပါတယ်။
ယွန်ဆတ်ခ်ယိုက မေးမြန်းစစ်ဆေးဖို့ ခေါ်ဆောင်မှုကို အာခံခဲ့ပါတယ်။ “တရားမဝင်တဲ့ ဖမ်းဝရမ်း နဲ့ ဖမ်းဆီးဖို့တွန်းအားပေးတဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေကို မြင်တွေ့ရတာ ကျွန်တော် စိတ်ပျက်မိတယ်” လို့ ၎င်းက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့မနက်ပိုင်းက လှေခါးတွေသုံးပြီး အတားအဆီးတွေကို ဖြတ်ကျော်ကာ သမ္မတအိမ် တော်ကို ဝင်ရောက်ခဲ့တဲ့ ရဲအရာရှိ ၁၀၀၀ ခန့်ကို ယွန်ဆတ်ခ်ယိုက အလျှော့ပေးခဲ့ပါတယ်။
သမ္မတအိမ်တော် လုံခြုံရေးအစောင့်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်တွေ့ဆုံမှု မရှိခဲ့ပါဘူး။ ဒီလအစောပိုင်းမှာ သမ္မတအိမ်တော် လုံခြုံရေးအစောင့်တွေက ယွန်ဆတ်ခ်ယိုအား ဖမ်းဆီးဖို့ကြိုးပမ်းမှု ကို ဟန့်တားခဲ့ပါတယ်။
ဒီဇင်ဘာလအတွင်း စစ်အုပ်ချုပ်ရေးကြေညာမှုနဲ့ပတ်သက်လို့ စွဲချက်တွေရင်ဆိုင်ခဲ့ရတဲ့ ယွန် ဆတ်ခ်ယိုဟာ သမ္မတအိမ်တော်မှထွက်ခွာဖို့ ငြင်းဆန်ခဲ့ပါတယ်။
ယွန်ဆတ်ခ်ယိုဟာ အင်္ဂါနေ့က တောင်ကိုရီးယား ဖွဲ့စည်းပုံဆိုင်ရာ အခြေခံခုံရုံးရဲ့ ကြားနာမှုပထ မနေ့ကို မတက်ရောက်ခဲ့ပါဘူး။
ကိုးကား – NHK
Ref; South Korean President Yoon Suk-yeol detained
#Ayeyarwaddy_Times