
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေး ရွာ၊ ဆိပ်မူအုပ်စု၊ စပေါ့ကျေးရွာတွင်ရှိသည့် နွံကန်ပြိုကျသည့်အတွက် အိမ်ခြေ ၅၀ ခန့် နစ်မြုပ်သွားပြီး လူသေဆုံးမှုများပြားနိုင်ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ ၁၃ ရက် သန်းခေါင်ချိန် နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် စွန့်ပစ်မြေစာပုံသွန်ချသည့် နွံကန်ပြိုကျပြီး အိမ်ခြေ ၅၀ ခန့် မြေအောက်နစ်မြုပ်ကာ လူသေဆုံးမှုများပြားနိုင်ကြောင်း သိရသည်။
“အခြေအနေက အတော်ဆိုးပါတယ်။ အိမ်ခြေ ၅၀ လောက်ထိပါသွားတယ်။ လူအိပ်ချိန်ဆိုတော့ မိသားစု လိုက် မြေစာပုံထဲ နစ်သွားတာတွေရှိတယ်။ အခုရသလောက် အလောင်းဖော်နေတာ ၁၀ လောင်းကျော်တော့ ရှိပြီ။ ကျန်နေသေးတယ်”ဟု ဆိုင်းတောင်ဒေသ ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ နွံကန်သည် စွန့်ပစ်မြေစာပုံ အလွန်အကျွံ စွန့် ပစ်ထားသည့်အတွက် ကန်ပြိုကျခါနီးအထိ အန္တရာယ်ရှိနေသည့်အတွက် ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ဒေသခံများက မြေစာပုံများ ထပ်မပုံရန်တားမြစ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် KIA က ဦးဆောင်ပြီးကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ- Ko Ye
ပုံစာ- ဖားကန့် နွံကန်ပေါက်ကျထားစဥ်
#ကချင် #ဖားကန့် #ဆိုင်းတောင် #မြေစာပုံ #နွံကန် #ပြိုကျ #အိမ်ခြေ #နစ်မြုပ် #လူသေဆုံး #Ayeyarwaddy_Times