ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့်အတူ အခက်အခဲအတားအဆီးမှန်သမျှကို ဝိုင်းဝန်းအတူဖြေရှင်းရန် အမြဲတမ်းအသင့်ရှိနေကြောင်း ကိုးကန့်တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA) တို့က သဝဏ်လွှာပေးပို့ခဲ့ကြသည်။

ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားသို့ MNDAA နှင့် AA တို့က ပေးပို့သည့်သဝဏ်လွှာတွင် အောင်ပွဲနှင့်အတူ ပါရှိ လာသော အခက်အခဲအတားအဆီးများကို ကောင်းတူ ဆိုးဖက် ညီနောင်မဟာမိတ်စိတ်ဓာတ်အပြည့်ဖြင့် ဝိုင်း ဝန်းအတူဖြေရှင်းရန် အမြဲတမ်းအသင့်ရှိနေကြောင်း ပေးပို့ခဲ့သည်။

ထို့အပြင် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ဘုံရန်သူ ကို ဒေသအသီးသီးမှ တော်လှန်တိုက်ထုတ်ခဲ့ကြရာ တွင် တစ်ဖွဲ့၏လိုအပ်ချက်ကို တစ်ဖွဲ့က ကူညီပံ့ပိုးခဲ့ကြသည့်နည်းတူ ရဲဘော်ရဲဘက်စိတ်ဓာတ်အပြည့်ဖြင့် လက်တွဲတိုက်ပွဲဝင်ခဲ့သောကြောင့် ယခုကဲ့သို့အောင် မြင်ခဲ့ကြခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။

TNLA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည့့် သုံးသပ်ချက်၊ ပြင်ဆင်ချက်နှင့် သဘောထားများအပေါ် အပြု သဘောဖြင့် ရှုမြင်ပြီး ဆက်လက်မျှော်ထားသော ရည် မှန်းချက်များ ပေါ်ထွန်းလာနိုင်စေရန် ထည့်သွင်းပြောကြားထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ လက်တွဲပြီး နိုင်ငံရေးရည်မှန်း ချက်များကို တစ်စိုက်မတ်မတ်ကြိုးစားလာခဲ့သည့် အတွက် နိုင်ငံရေးရည်မှန်းချက်များ ပြီးပြည့်စုံသည်အထိ အထ မြောက်နိုင်ခဲ့ပြီဟု ပြော၍မရသေးသော်လည်း အတိုင်း အတာတစ်ခုထိ အောင်မြင်ခဲ့ပြီဖြစ်သည်ဟု ပြောဆိုထားသည်။

စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ အလုံးစုံအထမြောက်နိုင်သည်အထိ တအာင်းဒေသယခုထက် အေးချမ်းသာယာ စည်ပင်ဖွံ့ဖြိုးတိုးတက်သည်အထိ ဆက်လက်ကြိုးပမ်းအားထုတ်ကြရန်လည်း တိုက်တွန်းထားသည်။

ယနေ့ကျရောက်သည့် (၆၂) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို မဟာမိတ်တပ်ပေါင်းစုများဖြစ်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA၊ ကျောင်းသားလက်ရုံးတပ်တော်၊ NUG ကာကွယ် ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF/DPLA တို့မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ထားသည်။

မြန်မာပြည်တစ်ဝှန်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီလက်တွဲပူပေါင်းကာ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမည်ဟု ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် တအာင်းတပ်မတော် (TNLA) က ကြေညာလိုက်ခြင်းဖြစ်သည်။

#TNLA #MNDAA #AA #ဂုဏ်ပြု #သဝဏ်လွှာပို့
#Ayeyarwaddy_Times