
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်
ယူကရိန်းတပ်ဖွဲ့တွေက ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသမှာ မြောက်ကိုရီးယားစစ်သား နှစ်ဉီးကို ဖမ်းဆီးမိခဲ့တယ်လို့ သမ္မတ ဇီလန်စကီးက စနေနေ့မှာ လူမှုကွန်ရက်ပို့စ်တစ်ခုမှာ ပြောပါတယ်။
မြောက်ကိုရီးယားစစ်သားနှစ်ဉီးဟာ ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ကိယက်ဗ်မြို့တော်သို့ ပို့ဆောင် ကာ ယူကရိန်းထောက်လှမ်းရေးဌာနက မေးမြန်းစစ်ဆေးနေတယ်လို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယားစစ်သားတစ်ဉီးက ၁၉၉၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး နောက်တစ်ဉီးက ၂၀၀၅ ခုနှစ် မှာ မွေးဖွားခဲ့ကာ နှစ်ဉီးစလုံးက မြောက်ကိုရီးယားစစ်တပ်မှ စစ်သားတွေဖြစ်တယ်လို့ ယူကရိန်းထောက် လှမ်းရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
သူ့ကို ယူကရိန်းစစ်ပွဲမှာ တိုက်ခိုက်ဖို့ လေ့ကျင့်ပေးခဲ့တာမဟုတ်ဖူးလို့ ဖမ်းဆီးခံ မြောက်ကိုရီး ယားစစ်သားတစ်ဉီးက ပြောခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ဆိုပါတယ်။
စစ်ပွဲမှာတိုက်ခိုက်ဖို့ ရုရှားနိုင်ငံ၊ ကာတ်စ်ဒေသသို့ မြောက်ကိုရီးယားစစ်သည် ၁၁၀၀၀ ခန့် စေ လွှတ်ခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ခန့်မှန်းပါတယ်။
ရုရှားရောက် မြောက်ကိုရီးယားစစ်သည်တွေအနက် ၄၀၀၀ ခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ ပြီလို့ ယူကရိန်း အာဏာပိုင်တွေက ဆိုပါတယ်။
မြောက်ကိုရီးယားစစ်သားတွေ စေလွှတ်တာဟာ စစ်ပွဲကျယ်ပြန့်လာစေဖို့ ရုရှားနိုင်ငံရဲ့ ကြိုးပမ်း မှု အထောက်အထားလို့ ယူကရိန်းနိုင်ငံက ယူဆနေပြီး ပြတ်သားတဲ့ အရေးယူဖို့ လုပ်ဆောင်ဖို့ နိုင်ငံတ ကာ အသိုင်းအဝိုင်းကို တောင်းဆိုပါတယ်။
ကိုးကား – NHK
Ref; Zelenskyy: Ukraine captures 2 North Korean soldiers in Kursk
#Ayeyarwaddy_Times