
Photo: Reuters
ဧရာဝတီတိုင်းမ်
ဇွန်လ ၂၅ ရက်
ဒေသတွင်း တရုတ်နိုင်ငံရဲ့သြဇာ ကြီးမားလာတာနဲ့ပတ် သက်လို့ စိုးရိမ်မှုတွေ မြင့်တက်နေစဉ်မှာ အမေရိ ကန်၊ သြစတြေးလျနဲ့ မဟာမိတ်သုံးနိုင်ငံက ရာသီဥတုပြောင်း လဲမှုနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ ဖြေရှင်းရာမှာ ပစိဖိတ်ကျွန်းစုနိုင်ငံတွေကို ကူညီနိုင်မယ့် အဖွဲ့အစည်းသစ်တစ်ခု ဖွဲ့စည်းမှာဖြစ်ပါတယ်။
ပစိဖိတ်ဒေသက ဖီဂျီ၊ ဆာမိုအာနဲ့ နိုင်ငံငယ်လေးတွေကို ကူညီဖို့ တရားဝင်ယန္တယားတစ်ခုဖြစ်တဲ့ Blue Pacific pact ခေါ် မိတ်ဖက်အဖွဲ့မှာ ဗြိတိန်၊ နယူးဇီလန်နဲ့ ဂျပန်နိုင်ငံလည်း ပါဝင်မယ်လို့ ယမန်နေ့ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်တစ်ရပ်အရ သိရပါတယ်။
အဲဒီငါးနိုင်ငံက အဆင့်မြင့် တာဝန်ရှိသူတွေဟာ ပစိဖိတ်နိုင်ငံတွေက မစ်ရှင်အကြီးအကဲတွေ၊ ပြင်သစ်၊ ဥရောပသမဂ္ဂမှ လေ့လာသူတွေနဲ့ ဆွေးနွေးဖို့အတွက် ဇွန်လ ၂၃ နဲ့ ၂၄ ရက်က ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံခဲ့ ပါတယ်။
“ပစိဖိတ်ပြည်သူတွေကို အကျိုးဖြစ်ထွန်းစေတဲ့ ပံ့ပိုးမှုတွေပြုလုပ်ဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပါ တယ်” လို့ ပူးတွဲထုတ်ပြန်ချက်က ဆိုပါတယ်။
တရုတ်နိုင်ငံက ဧပြီလအတွင်းမှာ ဆော်လ်မွန်ကျွန်းစုနိုင်ငံနဲ့ လုံခြုံရေးစာချုပ်တစ်ရပ် လက်မှတ်ရေးထိုး ပြီးတဲ့နောက် သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက ပစိဖိတ်အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုး ပမ်းလာပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မေလအတွင်းက ပစိဖိတ်ကျွန်းစုနိုင်ငံတွေကို သွားရောက်ခဲ့ပါ တယ်။ နောက်လမှာပြုလုပ်မယ့် ပစိဖိတ်ကျွန်းစုဖိုရမ်မှာ ခေါင်းဆောင်တွေက ဒေသတွင်း တရုတ်နိုင်ငံရဲ့ စိတ်ဝင် စားမှု မြင့်တက်လာတာနဲ့ပတ်သက်လို့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ Blue Pacific pact အရ ပူးပေါင်းဆောင်ရွက်မှု ပိုမိုပြုလုပ်နိုင်မည်ဖြစ်သလို ပစိဖိတ်ကျွန်းစုနိုင်ငံတွေရဲ့ ဦး စားပေးလုပ်ငန်းတွေကို ပံ့ပိုးပေးနိုင်မှာဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်က ဆိုပါတယ်။
ကိုးကား – သည်စထရိတ်တိုင်းမ်
Ref; US, Australia and allies form new Pacific Island partnership