ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
မြန်မာစစ်တပ်နဲ့ ဗီယက်နမ်တယ်လီကွန်းကုမ္ပဏီ Viettel ကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ မိုင်တဲလ်ကို ဒဏ်ခတ်ပိတ်ဆို့တဲ့ အမေရိကန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို Burma Campaign UK က ကြိုဆို လိုက်ပါတယ်။
အမေရိကန်နိုင်ငံက ဇန်နဝါရီလ ၅ ရက်မှာ ပြည်သူလူထုကို ကြေညာခြင်းမရှိဘဲ မိုင်တဲလ်ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့တာပါ။
Viettel ကုမ္ပဏီကို ဗီယက်နမ်စစ်တပ်က ပိုင်ဆိုင်ပြီး မြန်မာစစ်တပ်နဲ့ပတ်သက်မှုကြောင့် Burma Campaign UK ရဲ့ အမည်ပျက်စာရင်းမှာ ပါဝင်ပါတယ်။
မိုင်တဲလ်ဟာ Telecom International Myanmar Co, Ltd အမည်နဲ့ ဖက်စပ်လုပ်ငန်း လုပ်ကိုင် နေပြီး အဆိုပါကုမ္ပဏီမှာ မြန်မာစစ်တပ်က အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအောက်သာ ပါရှိတာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားခဲ့တဲ့ မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။
မိုင်တဲလ်ကုမ္ပဏီဟာ အကျိုးအမြတ်တွေကို မြန်မာစစ်တပ်ထံ ထောက်ပံ့ခဲ့ယုံသာမက တာဝါတိုင် တွေ၊ အခြေခံအဆောက်အအုံတွေအတွက်လည်း ငှားရမ်းခတွေ ထောက်ပံ့ခဲ့ပါတယ်။
Justice for Myanmar က မိုင်တဲလ်ကုမ္ပဏီအကြောင်း အသေးစိတ် အစီရင်ခံစာ ထုတ်ပြန်ခဲ့သ လို ကုမ္ပဏီမှာ အဂတိလိုက်စားမှုနဲ့ ဆွေမျိုးကောင်းစားရေးဝါဒကို ဖော်ထုတ်ခဲ့ပါတယ်။
“ဗြိတိန်အစိုးရနဲ့ ဉရောပသမဂ္ဂက မိုင်တဲလ်ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ အမေရိကန်နိုင်ငံကို ခွင့်ပြုရမှာ ပါ။ မိုင်တဲလ်ဟာ မြန်မာစစ်တပ်ရဲ့ စီးပွားရေးအင်ပါယာမှာ အဓိကလုပ်ငန်းတစ်ခုဖြစ်ပြီး ကုမ္ပဏီကို ဒဏ် ခတ်ပိတ်ဆို့ဖို့အချိန်တောင် ကျော်နေပါပြီ” လို့ Burma Campaign UK ရဲ့ ဒါရိုက်တာ မတ်ခ်ဖာမန်နာက ပြောပါတယ်။
ဗြိတိန်အစိုးရဟာ မြန်မာစစ်တပ်ရဲ့ ဝင်ငွေနဲ့ စစ်လက်နက်ရပေါက်တွေကို ပစ်မှတ်ထားတဲ့ ဒဏ် ခတ်ပိတ်ဆို့ရာမှာ ကမ္ဘာ့နိုင်ငံတွေကို ဉီးဆောင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဒဏ်ခတ်ပိတ်ဆို့မှုသစ် တွေ သိသိသာသာ နှေးကွေးခဲ့ပါတယ်။
ကိုးကား – Burma Campaign UK
Ref; UK, EU, Must Follow USA in Sanctioning Burmese Military-Owned Mytel
#Ayeyarwaddy_Times