ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်

အီရန်နိုင်ငံက နျူကလီးယားလက်နက်တွေအတွက် အသုံးပြုတယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံမှ ယူရေနီယမ်းတွေ မှောင်ခိုကူးရာမှာ လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေမှာ အပြစ်ရှိတယ်လို့ ဂျပန်နိုင်ငံအခြေစိုက် ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင်က ဝန်ခံလိုက်ပါတယ်။

ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တဲ့ လက်နက်နဲ့ မူးယစ်ဆေးမှောင်ခို ကူးမှုနဲ့ ဂျပန်လူမျိုး အသက် ၆၀ နှစ်အရွယ် တာကေးရှိအီဘီဆာဝါက မန်ဟတ်တန် ဖက်ဒရယ်တရားရုံး မှာ တရားရင်ဆိုင်နေရပါတယ်။

သူက လက်နက်ထုတ်လုပ်နိုင်တဲ့ ပလူတိုနီယမ်အဆင့် နျူကလီးယားပစ္စည်းတွေကို မြန်မာနိုင်ငံ မှ မှောင်ခိုကူးခဲ့တယ်လို့ တရားရုံးမှာ အီဘီဆာဝါက ဝန်ခံခဲ့တယ်လို့ အမေရိကန်ရှေ့နေ အက်ဒဝပ်ဝိုင် ကင်က ပြောပါတယ်။

“မြန်မာစစ်မြေပြင်မှာ အသုံးပြုဖို့ မြေပြင်-ဝေဟင်ခွင်းဒုံးကျည်တွေလိုမျိုး စစ်လက်နက်တွေနဲ့ လဲလှယ်ဖို့ အီဘီဆာဝါက အမေရိကန်နိုင်ငံသို့ ဘိန်းဖြူတွေ၊ မီသာဖက်တမင်းတွေ အမြောက်အများ တင် ပို့ခဲ့ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

နျူကလီးယားထုတ်လုပ်တဲ့ ပစ္စည်းတွေဟာ ယူရေနီယမ်မိုင်းတွင်းရှိတဲ့ မြန်မာနိုင်ငံရှိ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ရဲ့ မည်သူမည်ဝါမသိရတဲ့ ခေါင်းဆောင်တစ်ဉီးထံမှ လာခဲ့တာလို့ အမေရိကန် အ စိုးရရှေ့နေတွေက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင်က စစ်လက်နက်ဝယ်ယူဖို့ အီဘီဆာဝါမှတစ် ဆင့် ယူရေနီယမ်သတ္ထု ရောင်းချဖို့ အဆိုပြုခဲ့တာလို့ သိရပါတယ်။

နျူကလီးယားပစ္စည်းနမူနာတွေကို ရရှိထားပြီး ယင်းနမူနာတွေထဲမှာ ယူရေနီယမ်၊ သိုရီယမ်နဲ့ ပလူတိုနီယမ်တွေ ပါဝင်ကာ ပလူတိုနီယမ်ဟာ နျူကလီးယားလက်နက်မှာ အသုံးပြုဖို့သင့်တော်တဲ့ လက် နက်ထုတ်လုပ်နိုင်တဲ့အဆင့်လို့ အမေရိကန် ဖက်ဒရယ်ဓာတ်ခွဲခန်းက တွေ့ရှိခဲ့ပါတယ်။

ကိုးကား – AP
Ref; Leader of Japanese crime syndicate pleads guilty to conspiring to traffic nuclear materials to Iran

#Ayeyarwaddy_Times