
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
ဟေတီနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ၂၀၂၄ ခုနှစ်အတွင်း လူ ၅၆၀၀ ကျော် သေဆုံးကာ ထောင်နဲ့ချီ ဒဏ်ရာရ သို့မဟုတ် ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောပါ တယ်။
ဟေတီနိုင်ငံရှိ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ကြောက်မတ်ဖွယ်ရာတွေကို ကုလသမဂ္ဂ လူ့အခွင့်အ ရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတပ်ခ်က အင်္ဂါနေ့မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ရှုတ်ချခဲ့ပြီး လူ့ အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အဂတိလိုက်စားမှုတွေ မြင့်တက်နေတယ်လို့ ထောက်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်က အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် ပို့အော်ပရင့်စ်မြို့တော်ရဲ့ နေရာအများစုကို လက်နက်ကိုင်ဂိုဏ်းတွေက ထိန်းချုပ်ထားပါတယ်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အာဏာအလွဲသုံးစားမှုတွေအတွက် ပြစ်ဒဏ်ကနေ သက်ညှာ ခွင့်ရနေတဲ့အပြင် အဂတိလိုက်စားမှုတွေ ဟေတီနိုင်ငံမှာ ကျယ်ပြန့်စွာ ရှိနေဆဲဖြစ်ပါတယ်” လို့ သူက ဆို ပါတယ်။
နိုင်ငံတကာရဲ့ အကူအညီနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာပါဝင်တဲ့ အရာရှိတွေ တာဝန်ခံ စေရေး လုပ်ဆောင်ဖို့ ၎င်းက ဟေတီရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့ပါတယ်။
ဟေတီရဲ့ ဝန်ထမ်းအင်အားလျှော့နည်းတဲ့ ရဲတပ်ဖွဲ့ကို ထောက်ကူပေးဖို့ ပြီးခဲ့တဲ့နှစ် ဇွန်လအ တွင်း ကင်ညာရဲတပ်ဖွဲ့ဝင်တွေ အများစုပါဝင်တဲ့ အင်အား ၄၃၀ ဉီးပါ ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပြု လုံခြုံရေးမစ်ရှင်ကို စေလွှတ်ခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ စစ်လက်နက်ပိတ်ပင်မှု အပြည့်အဝ အ ကောင်အထည်ဖော်ဆောင်မှုကို အသုံးပြုရမယ်လို့ ဗော်လ်ကာတပ်ခ်က ပြောပါတယ်။
“ဟေတီနိုင်ငံထဲကို စီးဝင်လာတဲ့ လက်နက်တွေဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့လက်ထဲ ရောက်ရှိပြီး ကြောက်မတ်ဖွယ်ရာ ရလဒ်တွေအဖြစ် ထောင်ချီ သတ်ဖြတ်ခံရကာ ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာရ ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေ ဖျက်ဆီးခံခဲ့ရပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။
အမေရိကန်နဲ့ အခြား ကာရစ်ဘီယံနိုင်ငံတွေ ထောက်ခံတဲ့ ဟေတီအစိုးရက ငြိမ်းချမ်းရေးထိန်း သိမ်းမှု စစ်ဆင်ရေး အပြည့်အဝဆောင်ရွက်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုနေပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ ရုရှားနဲ့တရုတ်တို့က အဆိုပါအစီအ စဉ်ကို ဆန့်ကျင်ခဲ့ပြီး ရာဇဝတ်ဂိုဏ်း အကြမ်းဖက်မှုတွေ တားဆီးဖို့ကြိုးပမ်းမှုတွေအစား ဟေတီရဲတပ်ဖွဲ့ ကို အဆင့်မြှင့်တင်သင့်တယ်လို့ ပြောပါတယ်။
ကိုးကား – Aljazeera
Ref; Gang violence killed more than 5,600 people in Haiti in 2024: UN
#Ayeyarwaddy_Times