
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
အစ္စရေးနိုင်ငံသို့ ဒေါ်လာ ၈ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေရောင်းချမယ့် အစီအစဉ်ကို သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက ကွန်ဂရက်သို့ အကြောင်းကြားခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတစ်ဉီးက ဇန်နဝါရီလ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါသဘောတူညီချက်ကို အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ကော်မတီတွေက အ တည်ပြုဖို့ လိုအပ်ပြီး စစ်လက်နက်တွေထဲမှာ ဂျက်တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ အပြင် အမြောက်ကျည်ဆံတွေ ပါဝင်တယ်လို့ သိရပါတယ်။
အစ္စရေးနိုင်ငံသို့ စစ်လက်နက်တင်ပို့မှု ပိတ်ပင်ဖို့ ဆန္ဒပြသူတွေက လနဲ့ချီကြာအောင် တောင်းဆို ခဲ့ပေမယ့် အမေရိကန်နိုင်ငံရဲ့မူဝါဒက အပြောင်းအလဲ မရှိခဲ့ပါဘူး။
အမေရိကန်နိုင်ငံဟာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း အစ္စရေးနိုင်ငံသို့ ဒေါ်လာ ၂၀ ဘီလီယံတန် ကြေးရှိ ဂျက်တိုက်လေယာဉ်တွေ၊ အခြားစစ်လက်နက်တွေ ရောင်းချမှုကို အတည်ပြုခဲ့ပါတယ်။
ဂါဇာဒေသရှိ ဟားမာစ်အဖွဲ့၊ လက်ဘနွန်နိုင်ငံရှိ ဟက်ဇ်ဘိုလာနဲ့ ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့လိုမျိုး အီရန်နိုင်ငံ ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့တွေရဲ့ရန်ကို ခုခံကာကွယ်ဖို့ မဟာမိတ် အစ္စရေး နိုင်ငံကို ကူညီနေတာလို့ အမေရိကန်အစိုးရက ပြောပါတယ်။
လူဉီးရေ ၂ ဒသမ ၃ သန်းနီးပါးရှိ ဂါဇာဒေသနေ ပြည်သူအားလုံးနီးပါး နေရပ်စွန့်ခွာစေပြီး ငတ် မွတ်ခေါင်းပါးမှု အကျပ်အတည်းတစ်ရပ် ဖြစ်စေကာ လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်တွေ ဖြစ်စေခဲ့တဲ့ ဂါဇာစစ်ပွဲအတွင်း အမေရိကန်နိုင်ငံဟာ နိုင်ငံတကာရဲ့ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရပေမယ့် အစ္စရေးနိုင်ငံဘက် မှ ရပ်တည်ခဲ့ပါတယ်။
အရပ်သားသေဆုံးသူ ၄၅၀၀၀ ကျော် ရှိလာခဲ့ပြီး အပျက်အစီးတွေအောက်မှာ သေဆုံးသူ အများ အပြားရှိတယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ပါလက်စတိုင်းရှိ ဟားမာစ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ ကျော် သေဆုံးကာ လူ ၂၅၀ ဉီး ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတယ့် ၁၅ လကြာ စစ်ပွဲအဆုံးသတ်ဖို့ သံတမန်ရေး ကြိုးပမ်းမှု တွေဟာ လက်ရှိအချိန်ထိ မအောင်မြင်ခဲ့ပါဘူး။
အစ္စရေးနိုင်ငံရဲ့ အကြီးမားဆုံး မဟာမိတ်နဲ့ စစ်လက်နက်ထောက်ပံ့သူ အမေရိကန်နိုင်ငံဟာ ယ ခင်က ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဗီ တိုအာဏာနဲ့ပယ်ချခဲ့ပါတယ်။
ဇန်နဝါရီလ ၂၀ ရက်မှာ အာဏာလွှဲပေးရမယ့် ဒီမိုကရက် ဂျိုးဘိုင်ဒင်နဲ့ ရွေးကောက်ခံသမ္မတ ရီ ဗက်ပလီကင် ဒေါ်နယ်ထရမ့်တို့ဟာ အစ္စရေးနိုင်ငံကို အပြည့်အဝ ထောက်ခံသူတွေဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; US plans $11 billion arms sale to Israel, US official says
#Ayeyarwaddy_Times