
ခမရ ၁၀၂ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးရမိတဲ့ရုပ်သံ ကော်ဘရာစစ်ကြောင်းထုတ်ပြ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၀ ရက်
ကရင်ပြည်နယ်၊ ဝေါလေ-မြဝတီကားလမ်း သုံးထပ်ကွေ့ဘုရားကုန်းအနီး မနေ့ သြဂုတ်လ ၁၉ ရက် တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိခဲ့တဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၀၂ က စစ်ကောင် စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ် ထင်ကျော်နဲ့ တပ်သား မင်းသူတို့ကို ဖမ်းဆီးရမိခဲ့တဲ့ရုပ်သံကို ကော်ဘရာဘက်ကထုတ်ပြန်လာပါတယ်။
စစ်လော်ဘီတွေနဲ့ စစ်တပ်ထောက်ခံသူတွေအကြားမှာ အဲ့ဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဘက်တံဆိပ်တပ်ဆင်မှုနဲ့ ကိုယ်ပိုင်အမှတ်ဖော်ပြတာတွေမှားယွင်းနေလို့ ကော်ဘရာဘက်က လိမ်လည်ဖော်ပြတာလို့ ဝါဒဖြန့်ရေးသားနေတာပါ။
ကိုယ်ပိုင်အမှတ်တွေဟာ facebook ရဲ့ လူမှုစံနှုန်းစည်းမျဥ်းသတ်မှတ်ချက်တွေအရ တိုက်ရိုက်အပြည့်အဝဖော်ပြလို့မရတာလို့လည်း ရေးသားဖော်ပြထားပါတယ်။
#AyeyarwaddyTimes