ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြား ၂၇၁ ကီလိုမီတာ နယ်စပ်အပါအဝင် ရခိုင်ပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်း ကျော်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ ထိတွေ့ဆက်ဆံမှုပြုလုပ်ဖို့ လုံခြုံရေးကျွမ်းကျင် သူတွေ၊ သံတမန်ဟောင်းတွေနဲ့ ပညာရှင်တွေက တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလေ့လာမှု အင်စတီကျု့ (BIPSS) မှ ကမကထလုပ်တဲ့ “Rakhine after the fall of Maungdaw: Implications for Bangladesh and the Region” လို့ အမည် ပေးထားတဲ့ မူဝါဒဆွေးနွေးပွဲမှာ ၎င်းတို့က အခုလို ပြောဆိုခဲ့တာပါ။

“သံတမန်ရေးရာအရ အာရက္ခတပ်တော် (AA) နဲ့ ထိတွေ့ဆက်ဆံဖို့ အချိန်ကျပြီလို့ ကျွန်တော် ပြောလိုပါတယ်” လို့ East-West တက္ကသိုလ်မျ လက်ထောက်ပါမောက္ခ ပါဗက်ကာရင်အဘာစီက ပြောပါ တယ်။

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ကို ထိန်းချုပ်မှုက အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ် တွေမှာ အကြမ်းဖက်သောင်းကျန်းမှု အန္တရာယ်တွေ ပိုဆိုးလာနိုင်တယ်လို့ သူက သတိပေးပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ရှုပ်ထွေးသောအခြေအနေကို ဖြေရှင်းနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရက ရှင်းလင်း သော မဟာဗျူဟာတစ်ရပ် ဖော်ဆောင်သင့်တယ်လို့ အငြိမ်းစားဗိုလ်ချုပ် မူနီရူဇာမန်က ပြောပါတယ်။

“ကျွန်တော်တို့ အာရက္ခတပ်တော် (AA) နဲ့ အချိန်မီ ဆက်သွယ်မှုမပြုလုပ်ရင် အခြေအနေ ပိုဆိုး လာပါမယ်။ ရခိုင်ပြည်နယ်ဟာ ကုန်းတွင်းပိတ်ပြည်နယ်မဟုတ်လို့ ရေလမ်းကြောင်းတွေမှတစ်ဆင့် ထ ိတွေ့ဆက်ဆံမှု ပြုလုပ်နိုင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ သမိုင်းကြောင်းအရ စစ်ကောင်စီနဲ့ နီးကပ်သောဆက်ဆံရေး ရှိခဲ့ပေမယ့် ရခိုင် ပြည်နယ်မှာ အခြေအနေပြောင်းလဲလာလို့ အာရက္ခတပ်တော် (AA) နဲ့ ထိတွေ့ဆက်ဆံတဲ့ မဟာဗျူဟာ ကို ပြောင်းလဲလာပုံပေါ်တယ်လို့ သူက ထောက်ပြပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ ထိတွေ့ဆက်ဆံတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် နှစ်ဉီးနှစ်ဖက် အကျိုးရှိတဲ့ အလားအလာဖြစ်ပြီး လုံခြုံရေးသာမက စီးပွားရေးအရလဲ အကျိုးဖြစ်ထွန်းစေတယ်လို့ သံအ မတ်ဟောင်း ကာဟွေးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ အာဏာလွှမ်းမိုးလာမှုက အိန္ဒိယနိုင်ငံအတွက် ရှုပ် ထွေးသော အခြေအနေတစ်ရပ် ဖြစ်စေခဲ့လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် မဟာဗျူဟာမြောက် အခွင့်အ လမ်းတစ်ရပ်ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) သြဇာတိက္ကမကြီးမားလာမှုက နယ်စပ်အရေး ကိုင် တွယ်ဖြေရှင်းရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဂယက်ရိုက်ခတ်မှုတွေ ရှိစေခဲ့ပြီး ရိုဟင်ဂျာတွေ အစု လိုက်အပြုံလိုက်ဝင်ရောက်မှု ဖြစ်လာနိုင်တဲ့ စိုးရိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။

ကိုးကား – BSS News
Ref; Dhaka needs to cope with new situation in Myanmar border, experts
#Ayeyarwaddy_Times