ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

အဇာဘိုင်ဂျန်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုမှာ တာဝန်ရှိသူတွေကို အ ပြစ်ပေးဖို့ ရုရှားနိုင်ငံက ကတိပြုခဲ့တယ်လို့ အဇာဘိုင်ဂျန်နိုင်ငံက ပြောပါတယ်။

အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ Embraer 190 ဂျက်လေယာဉ်ဟာ ဒီဇင်ဘာလ ၂၅ ရက်က ကာဇတ်စတန်နိုင်ငံမှာ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါသူ ၆၇ ဉီးအနက် ၃၈ ဉီး သေဆုံးခဲ့ပါတယ်။

“လေယာဉ်ပစ်ချခံရမှုမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်နေပြီး အရေးယူဖို့ အစီအမံတွေ လုပ် ဆောင်နေတယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီ အကြီးအကဲက ပြောကြားခဲ့ပါတယ်” လို့ အဇာ ဘိုင်ဂျန် ရှေ့နေချုပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ရုရှားနိုင်ငံက ဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ခဲ့ပေမယ့် ခရီးသည်တင် လေယာဉ်ကို ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချခဲ့တာလို့ သဘောတူခြင်းမရှိသလို ပြစ်မှု ကျူးလွန်သူကို ဖော်ထုတ် သို့မဟုတ် အရေးယူကြောင်း ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။

ရုရှားတောင်ပိုင်းက ဂရိုဇနီလေဆိပ်မှာ ဆင်းသက်ဖို့ ကြိုးစားခဲ့တဲ့ ခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချခဲ့တာကို ရုရှားနိုင်ငံက တာဝန်ယူဖို့ အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီယက်ဗ်က တောင်း ဆိုခဲ့ပါတယ်။

ခရီးသည်တင်လေယာဉ်ကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချခဲ့တာကို ရုရှားနိုင်ငံက အတည်မပြုခဲ့ပါဘူး။ ရုရှားပိုင်နက်အတွင်း လေယာဉ်ပျက်ကျမှုဖြစ်စဉ်အတွက် စိတ်မကောင်းဖြစ်ရတယ် လို့ သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံက ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်လို့ အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီ ယက်ဗ်က စွပ်စွဲခဲ့ပါတယ်။

ကက်စပီယံပင်လယ်ကိုဖြတ်ပြီး ကာဇတ်စတန်နိုင်ငံ Aktau မြို့သို့ လမ်းကြောင်းပြောင်းလာချိန် မှာ လေယာဉ်အပြင်ဘက်မှ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ အသက်ရှင်ကျန်ရစ်သူတွေက ပြောပါ တယ်။

ကိုးကား – TRT World
Ref; Russia pledges to punish those responsible for plane crash: Azerbaijan

#Ayeyarwaddy_Times