ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်

တောင်ကိုရီးယားနိုင်ငံ၊ မူအန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တနင်္ဂနွေနေ့က ခရီးသည်တင်လေ ယာဉ်တစ်စင်းက ပြေးလမ်းချော်ကာ နံရံတစ်ခုကို ဝင်တိုက်မိပြီး မီးလောင်မှုကြောင့် လူ ၆၂ ဉီးထက်မ နည်း သေဆုံးခဲ့တယ်လို့ မီးသတ်ဉီးစီးဌာနက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တော်မှ ခရီးသည် ၁၇၅ ဉီးနဲ့ အမှုထမ်း (၆) ဉီး တင်ဆောင်လာတဲ့ ဂျယ် ဂျူးလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် 7C2216 ဟာ တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းရှိ မူအန် လေဆိပ်မှာ ပျက်ကျခဲ့တာလို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အလောင်း ၅၈ လောင်းထက်မနည်းကို တွေ့ရှိခဲ့ပြီး အဆိုပါအရေအတွက်ဟာ အပြီးသတ်စာရင်း မဟုတ်ဖူးလို့ မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

လူနှစ်ဉီးကို အသက်ရှင်လျက် တွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ မူ အန် မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

လေယာဉ်အမြီးပိုင်းတွင်းရှိ ခရီးသည်တွေကို ကယ်ဆယ်ဖို့ အာဏာပိုင်တွေက လုပ်ဆောင်နေ တယ်လို့ လေဆိပ်တာဝန်ရှိသူတစ်ဉီးက လေယာဉ်ပျက်ကျပြီးနောက် ပြောကြားခဲ့ပါတယ်။

အင်ဂျင်နှစ်လုံးတပ် အဆိုပါခရီးသည်တင်လေယာဉ်ဟာ ပြေးလမ်းချော်ကာ နံရံတစ်ခုကို တိုက်မိ ပြီး မီးလောင်ပေါက်ကွဲသွားတာကို ဒေသန္တရမီဒီယာက မျှဝေခဲ့တဲ့ ရုပ်သံဖိုင်မှာ မြင်တွေ့ရပါတယ်။

ခရီးသည်တွေထဲမှာ နှစ်ဉီးက ထိုင်းနိုင်ငံသားတွေဖြစ်ပြီး ကျန်ရှိတဲ့သူတွေက တောင်ကိုရီးယား နိုင်ငံသားတွေဖြစ်မယ်လို့ ယူဆရကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ပျက်ကျတဲ့လေယာဉ်ဟာ ဂျယ်ဂျူးလေကြောင်းလိုင်းပိုင် ဘိုအင်း 737-800 ဂျက်လေယာဉ် အမျိုး အစားဖြစ်ပြီး လူသေဆုံးမှုနဲ့ ပျက်ကျရတဲ့အကြောင်းရင်း အပါအဝင် ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေး နေတယ်လို့ လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

မူအန်လေဆိပ်မှာ ပြည်တွင်း၊ ပြည်ပ လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့တယ်လို့ ယွန် ဟပ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ အစွမ်းကုန် လုပ်ဆောင်ကြဖို့ နိုင်ငံရေး အကျပ်အတည်းဖြစ်နေစဉ် ယာယီသမ္မတကို တရားစွဲဆိုပြီးနောက် သောကြာနေ့က တိုင်းပြည်ရဲ့ ယာယီခေါင်းဆောင်အဖြစ် ခန့်အပ် ခံခဲ့ရတဲ့ တောင်ကိုရီးယား ယာယီသမ္မတ ချွိုင်ဆန်မော့ခ်က ညွှန်ကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; At least 62 dead, two crew rescued in fiery South Korea airliner crash

#Ayeyarwaddy_Times